Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရပါတယ်။

စစ်တပ်စစ်ကြောင်း မီးရှို့ခဲ့တဲ့ ထန်းလေးပင်နဲ့ ဝက်ကော်ကျေးရွာတွေကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဇန်နဝါရီ-၂၄ ၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရပါတယ်။

အခု ဇန်နဝါရီ၂၁ရက်က မင်းတုန်းမြို့ပေါ်က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက မြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

“၂၂ ရက်နေ့က ထန်းလေးပင်ကျေးရွာကို ရောက်တယ်။အဲဒီရွာကို မီးရှို့တယ်။ထန်းလေပင်ကနေ ပြောင်းကျေးရွာကို ဝင်ပြီး ညအိပ်တပ်စွဲတယ်။ပြီးတော့ ဒီနေ့မနက်မှာ ဝက်ကော်ရွာကို ဝင်ပြီး မနက် ၆ မှာမီးရှို့တယ်”လို့ မင်းတုန်းမြို့နယ် သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်မီးရှို့ခဲ့တဲ့ ကျေးရွာတွေက အိမ်ခြေ ၁၀၀ နဲ့အထက်ရှိပြီး ဒေသခံပြည်သူတွေထွက်ပြေးနေရတယ်လို့ အသိပေးပါတယ်။

“အဲဒီစစ်ကြောင်းက အခု ပြောင်းကျေးရွာမှာ ရှိတယ်။ရွာထဲက ဝက်၊ကြက်တွေကို သတ်စားတာ။ပြည်သူတွေရဲ့ ရိက္ခာ ဆန်ဆီဆား နဲ့ ယာဥ်တွေကို သိမ်းတာတွေလုပ်နေတယ်”လို့ စစ်တပ် စစ်ကြောင်းကို စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးရွာတွေကို မီးရှို့ပြီး စစ်တပ်စစ်ကြောင်းထိုးလာတာက နယ်မြေထိန်းချုပ်အသာစီးရယူဖို့ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

မင်းတုန်းမြို့နယ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲကို အခု ဇန်နဝါရီ ၁၁ ရက်ကပြုလုပ်ခဲ့ပြီး မဲပုံးတွေ သရက်မြို့ကို ပို့ဆောင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒါကြောင့် မင်းတုန်း-သရက် လမ်းပိုင်းမှာရောက်နေတဲ့ မင်းတုန်းမြို့နယ် သဖန်းကိုင်းကျေးရွာ ၊ ပုဇင်းဒါးကျေးရွာနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒါအပြင် သရက်မြို့နယ် အောက်မမြင့်ကျေးရွာ ၊ အောက်မနိမ့်ကျေးရွာ ၊ ဆင်ကော်ကျေးရွာ ၊ မြို့လှကျေးရွာ ၊ ဆတ်လည်ကျေးရွာ ၊ ပုဏ္ဍားကျေးရွာ နဲ့ ပျဥ်းအိုင်ကျေးရွာတွေက ပြည်သူနေအိမ်တွေကအဖိုးတန်ပစ္စည်းတွေ ဆန်စပါးတွေနဲ့ အသုံး အ ဆောင်တွေကို စစ်တပ်က ယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။