Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မဲရုံစောင့် စစ်သားတွေအပြန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ ပြည်သူတွေထိတ်လန့်

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကနေ မဲရုံစောင့် စစ်သားတွေ မိတ္ထီလာမြို့ကတပ်ရင်းအပြန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့လို့ ထိတ်လန့်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေကို ၂၀၁၂ နိုဝင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ - အေပီ

ဇန်နဝါရီ ၂၇၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကနေ မဲရုံစောင့် စစ်သားတွေ မိတ္ထီလာမြို့ကတပ်ရင်းအပြန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့လို့ ထိတ်လန့်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက မလှိုင်မြို့နယ်ကနေ မဲရုံစောင့် စစ်သားတွေ မိတ္ထီလာမြို့ကို ခြေလျင်ပြန်လာချိန် မိတ္ထီလာမြို့ တောင်ပုလု စက်ပစ်ကွင်းကနေ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး မလှိုင်မြို့နယ်အထိ ပေါက်ကွဲသံများကြားရလို့ ပြည်သူတွေ ထိတ်လန့်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အခုမနက်က စက်ပစ်ကွင်းက အသံပေးနေတာပါ။ မဲရုံစောင့် စခတွေက ခြေလျင်မနက်အစောကတည်းက ထီလာပြန်ကြတာ။ အသံပေးခြောက်လှန့်တဲ့သဘောဖြစ်မယ်”လို့ လူထုသတင်းကွန်ရက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ နွားထိုးကြီးမြို့ဘက်က စစ်တပ်ကလည်း လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက လက်နက်ကြီးနဲ့ နေ့ရောညပါ ပစ်ခတ်နေပြီး တောင်သာမြို့နယ် အရှေ့တောင်ခြမ်းနဲ့ နွားထိုးကြီးမြို့နယ် တောင်ခြမ်းတွေကို လက်နက်ကြီးကျည်တွေ ကျရောက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြို့နယ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ မလှိုင်မြို့နယ်​မြောက်ခြမ်းက ကျေးရွာတွေပေါ် ကျရောက်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ လူထုသတင်းကွန်ရက်-မလှိုင်မြို့က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။