Connect with us

Hi, what are you looking for?

သတင်း

အရာတော်မှာ စစ်တပ်ထောင်သွားတဲ့မိုင်းတွေကို တော်လှန်ရေးရဲဘော်တွေ ရှင်းလင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းတွေကို တော်လှန်ရေးရဲဘော်တွေက ရှင်းလင်းပေးခဲ့ပါတယ်။

(စစ်တပ်ထောင်ထားခဲ့တဲ့မိုင်းတွေကို ရှင်းလင်းနေစဥ်။ ဓာတ်ပုံ-Thu Thu)

ဇန်နဝါရီ ၂၈၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းတွေကို တော်လှန်ရေးရဲဘော်တွေက ရှင်းလင်းပေးခဲ့ပါတယ်။

မနေ့က ဇန်နဝါရီ ၂၇ရက် မနက်ပိုင်းက အရာတော်မြို့နယ် ကမ်းပြူရွာကနေ အရာတော်မြို့ဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်း ပြန်သွားချိန် ကာကွယ်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရာမှာ ပင်လုံ (ခ) ချမ်းသာနဲ့ ကမ်းပြူကျေးရွာကြား၊ ကမ်းပြူရွာ တာဝါတိုင်လမ်းခွဲနဲ့ မနောယမရွာကြားတွေမှာ မိုင်းတွေ တွေ့ရှိခဲ့ရကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“လောလောဆယ် ရှင်းလင်းရေးပြုလုပ်ရာမှာတော့ 32 တင့်ဖျက်မိုင်း ၂လုံးတွေ့ရပါတယ်”လို့ ၎င်းရဲဘော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါမိုင်းတွေကို ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မိုင်းအန္တရာယ်တွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။