Connect with us

Hi, what are you looking for?

သတင်း

ရေးပြောက်ကျားတပ်ဖွဲ့ထံ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားသစ် ၈ဦးက တော်လှန်ရေးမှာပါဝင်မယ်

အာဏာသိမ်းစစ်ကောင်စီတပ်ကနေထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အထူးတိုင်း စစ်ဌာန နည်းဗျူဟာ(၃၃) အမှတ်(၈၀၀၁) တပ်ရင်း ဖြစ်တဲ့ ရေးပြောက်ကျားတပ်(YGF)ထံ အလင်းဝင် ပူးပေါင်းလာတဲ့ စစ်မှုထမ်း လူငယ် ၈ ဦးက တော်လှန်ရေးမှာ ပါဝင်ပြီး စစ်အာဏာရှင်တွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကနေထွက်ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အထူးတိုင်း စစ်ဌာန နည်းဗျူဟာ(၃၃) အမှတ်(၈၀၀၁) တပ်ရင်း ဖြစ်တဲ့ ရေးပြောက်ကျားတပ်(YGF)ထံ အလင်းဝင် ပူးပေါင်းလာတဲ့ စစ်မှုထမ်း လူငယ် ၈ ဦးက တော်လှန်ရေးမှာ ပါဝင်ပြီး စစ်အာဏာရှင်တွေကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရေးပြောက်ကျားတပ်ဆီကို အလင်းဝင်လာတဲ့ စစ်မှု့ထမ်းအပတ်စဥ် ၁၆ လူငယ် ၈ ဦးက စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ ပြောကြားချက် ရုပ်သံကို အထူးတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်လိုက်ပြီး နည်းဗျူဟာ (၃၃)ဗျူဟာမှူးကလည်း ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ပူးပေါင်းလာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အလင်းဝင်လာတဲ့ တပ်သားကျော်ဇင်ကိုက “မင်းအောင်လှိုင် စကစ တပ်ကို အပြီးတိုင် ချေမှုန်းနိုင်အောင် ပြန်တိုက်မယ်” လို့ ပြောကြားခဲ့သလို တပ်သားသက်ထွေးအောင် က စစ်အာဏာရှင်တွေကို အမြစ်ပြတ် ချေမှုန်းမယ်လို့ ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

အခြား စစ်မှုထမ်းတပ်သားသစ်တဦးကလည်း မင်းအောင်လှိုင်လက်အောက်ရှိ ညီအကိုတွေ တော်လှန်ရေးဘက် ပူးပေါင်းလာကြဖို့ ဖိတ်ခေါ်လိုကြောင်း ပြောကြားပြီး အလင်းဝင် တပ်သား ဝေမိုးကျော်က “စစ်ကောင်စီကို အမြစ်ပြတ်တိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ” လို့ အသိပေးပါတယ်။

တပ်သား ရဲကိုလတ် ကလည်း “စစ်အာဏာရှင် ကျဆုံးတဲ့အထိ တော်လှန်ဖို့အတွက် အဆင်သင့်လုပ်ထားပါတယ်” လို့ ပြောပြပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့ဆီ ဘက်ပြောင်းလာတဲ့ တပ်သားတွေနဲ့အတူ ဗျူဟာ(၃၃)ဗျူဟာမှူး ရဲဘော်စောဒါးကိုလည်း ပါဝင်စကား ပြောဆိုခဲ့ရာ ပေါ်တာဆွဲပြီး လူငယ်တွေကို စစ်သင်တန်းပေး ရှေ့တန်းလွှတ်နေတဲ့ မင်းအောင်လှိုင် လုပ်ရပ်တွေ လုံး၀ မတရားဟု ပြောပါတယ်။

“ကျနော်တို့ဘက်က CDM လုပ်လာတဲ့ ညီငယ်လေးတွေ အားလုံးကိုလည်း သူတို့ရဲ့ စိတ်ထဲမှာ အာဏာရှင် ကျဆုံးဖို့အတွက် အာဏာရှင်ကိုပြန်တိုက်ဖို့အတွက် သူတို့ စိတ်ထဲမှာ တကယ်လည်း ရှိနေတာ ဖြစ်တဲ့အတွက်လည်းပဲ အခုလိုမျိုး ကျနော်တို့တော်လှန်ရေးဘက် ကိုလာရောက်ပူးပေါင်းပြီး အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ဖို့ အတွက် သူတို့ ကတိစကားတွေ ကြားရတဲ့အတွက်ဝမ်းသာပါတယ်။ ကျန်ခဲ့တဲ့ စစ်မှုထမ်း ညီငယ်လေးတွေလည်းပဲ တော်လှန်ရေးဘက်ကို ပူးပေါင်းပြီးပါဝင်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်။ ဖိတ်လည်းဖိတ်ခေါ်ပါတယ်”လို့ ရဲဘော် စောဒါးကိုက ပြောပါတယ်။

မွန်ပြည်နယ် ရေးမြိုနယ်က အာဏာသိမ်း စစ်ကောင်စီတပ်က တပ်သား ၃ဦးဟာ ဇန်နဝါရီ ၁၅ရက်က ရေးပြောက်ကျားတပ်ဖွဲ့ဆီကို လက်နက်နဲ့အလင်းဝင်လာခဲ့ပါတယ်။ အဲဒီသူတွေ အပါအဝင် ရေးပြောက်ကျားတပ်ဖွဲ့ဆီကို အလင်းဝင်သူ စုစုပေါင်း ၁၈ဦးထိရှိပြီလို့ အဖွဲ သတင်းပြန်ကြားရေး တာဝန်ခံရဲဘော်စောခေတ်သစ်က အသိပေးပါတယ်။ အလင်းဝင်လာသူတွေအနက် ထက်ဝက်နီးပါးလောက်က လက်နက်တွေ ယူလာခဲ့တယ်လို့လည်း ပြောပြပါတယ်။

အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုဂုဏ်ယူကြောင်း ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခံမယ့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ပြီး တော်လှန်ရေးအမြန်ပြီးဆုံးအောင် ဝိုင်းဝန်းတွန်းလှန်ကြဖိုလည်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်ရဲ့ တိုက်တွန်းချက်ကို ဖော်ပြထားပါတယ်။

“အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ တပ်သားတွေ အနေနဲ့ ပြည်သူတွေနဲ့အတူ အမြန်ဆုံး ပူးပေါင်းပေးကြဖိုတိုက်တွန်းချင်ပါတယ်။” လို တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖိုအတွက် ကျရာနေရာကနေ ဝိုင်းဝန်းတွန်းလှန်ကြဖို့ နှိုးဆော်ထားပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ကြဖို့ ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပါတယ်။

ရုပ်သံ – ဗျူဟာ(၃၃)

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၉)ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။