Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမှာ စစ်ကောင်စီတပ်သားသစ် တစ်ဦး KNLAတပ်ရင်း (၉)ထံထပ်မံ အလင်းဝင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၉)ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ့ခလရ(၃၉) တပ်ရင်းက တပ်သား။ ဓာတ်ပုံ - KNU

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ ဆန်အောင်/People’s Spring

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အဓမ္မစစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၉)ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ခလရ(၃၉)တပ်ရင်းက အသက် (၃၂)နှစ်အရွယ် စောအာဘရောင်းဟာ ဖေဖော်ဝါရီ ၄ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူဟာ အဓမ္မစစ်သားစုဆောင်းခံရသူဖြစ်ပြီး KNUက ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်မှာ အရင်ကလည်း KNLAတပ်ဖွဲ့တွေဆီ စစ်ကောင်စီ တပ်သားသစ်တွေ အဖွဲ့လိုက် အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ရက်က လယ်ဒို(ကျောက်ကြီး)ဘမြို့နယ် KNLA တပ်မဟာ(၃) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၃)ဆီကို ခလရ(၅၃) တပ်က တပ်သားသစ် ၇ဦး အလင်းဝင်ခဲ့ပါတယ်။

ဇန်နဝါရီ ၃ရက်ကလည်း KNLAတပ်မဟာ(၃) တပ်ရင်း(၈)ဆီကို စစ်ကောင်စီရဲ့ ခမရ(၅၉၉) တပ်ရင်းက တပ်သား ၃ဦး အလင်းဝင်ခဲ့သလို ၂၀၂၅ ဒီဇင်ဘာထဲမှာလည်း တပ်မဟာ(၃)ဆီကို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ၁၀ဦးထက်မနည်းရှိခဲ့ပါတယ်။

အလင်းဝင်လာသူတွေအားလုံးဟာ စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းထားတဲ့ သူတွေဖြစ်ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွင်းက အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသူတွေ အနေနဲ့ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်ကြဖို့လည်း KNUက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။