Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်မှာစာသင်ကျောင်းပေါ် လက်နက်ကြီးကျ က​လေးငယ်အချို့ဒဏ်ရာရ

KIA၊KPDF ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်မှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက်
ပေါက်ကွဲလို့ ကလေးငယ်တချို့ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

စာသင်​ကျောင်း​ပေါ်လက်နက်ကြီးကျပြီး​နောက်မြင်ကွင်း နဲ့ ဒဏ်ရာရ က​လေးငယ်နှစ်ဦးကို​တွေ့ရ စဥ်။ ။ဓါတ်ပုံ- Lung Jung La N's FB

​ဖေ​ဖော်ဝါရီ-၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

KIA၊KPDF ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်မှာ စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက်
ပေါက်ကွဲလို့ ကလေးငယ်တချို့ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့၊ ငှက်ပျော်တောရပ်ကွက်ထဲက အထက(၁)ကျောင်းပေါ် ဒီနေ့မနက် ၁၀ နာရီခန့်မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာပါ။

ဖားကန့်မှာစစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ဇန်နဝါရီလ၂၅ရက်နေ့ကတည်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာတာကနေ မြို့ပေါ်ကစာသင်​ကျောင်းကိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အထိ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“KG အဆောင်နားကို ကျပြီး အပျက်အစီးအရမ်းများပါတယ်။တစ်ဦးသေဆုံးတယ်လို့ ကြားတယ်။ သတိလစ်တဲ့ကလေးတွေလည်း များတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ကလေးငယ် နှစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေကယူမာရွာ၊ ထုံးဘိုရွာ၊ ဆန်းကြွယ်နဲ့ရှရော်ခရွာအနီးက ညောင်ပင်ကုန်း၊ မရှီကထောင်ရပ်ကွက်ပတ်ဝန်းကျင်တွေမှာဖြစ်နေပြီး စစ်တပ်က ဗျူဟာကုန်းကနေ လက်နက်ကြီးတွေမကြာခဏပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလက်နက်ကြီးပေါက်ကွဲမှုကလည်း တိုက်ပွဲထဲမှာအထိနာနေတဲ့အတွက် စစ်တပ်က အရပ်သားပြည်သူတွေထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာလို့ ဒေသခံတချို့ကပြောပါတယ်။ ဒါ့အပြင်စစ်တပ်စစ်ကြောင်းကမရှိကထောင်ရပ်ကွက် နဲ့ ယူမာရွာဘက်က လမ်းသွယ်တွေထဲမှာ မိုင်းတွေထောင်
ထားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျတယ်ဆိုတာကို​တော့ People’s Spring ကအတည်မပြုနိုင်​သေးပါဘူး ။

တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက်ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကိုကြိုတင်ရှောင်ကြဖို့ စစ်ရေးအခြေအနေနဲ့နီးစပ်သူတချို့ကသတိပေးနေကြပါတယ်။

“ဖားကန့် အခြေနေ မတည်ငြိမ်နေပါ။ဆိုင်းတောင်၊ ဖားကန့်မြို့ပေါ် လူတွေအခြေနေမဆိုးလာခင် ရှောင်စေချင်ပါတယ်။ဆိုင်းတောင်မှာလဲစစ်တပ်ကို နေရာ ကွက်ကြားတွေ့နေရသလို့ ယနေ့ Feb ၂ ရက် နေ့ စာသင်ကျောင်းထဲ လက်နတ်ကြီး ကျတယ်။နှစ်ဖက်ခြေနေအတော် တင်းမာလာပုံပါပဲ။
ရှောင်သင့်တဲ့ထဲ သက်ကြီးရွယ်အိုများ၊ က လေးသူငယ်များ၊ ကိုယ်ဝန် ဆောင်အမျိုး သမီးများ၊ ကလေးငယ် မိခင်များ အထူးသဖြင့်ပါ ဆက်နေချင်နေလို့ ရပါတယ်။ ဖြစ်လာမယ့် အကျိုးဆက်ကို လက်ခံနိုင်ရင်တော့ ဆက်နေပါ”လို့ ဒေသခံတစ်ဦးကလူမှုကွန်ရက်မှာအသိပေးထားပါတယ်။

ဖားကန့်မှာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်၊လက်
နက်ကြီးအန္တရာယ်နဲ့ တိုက်ပွဲတွေလည်းဆက်ဖြစ်နိုင်လို့လုံခြုံရေးသတိပြုနေထိုင်ကြဖို့KIA၊KPDFပူးပေါင်းတပ်က ဒေသခံတွေကိုသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။