Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်ရောက် စစ်တပ်က ကားဝယ်စီးဖို့ ဒေသခံတွေထံ ‌ငွေတောင်း

မိုးမိတ်မြို့ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားဝယ်စီးဖို့ ဒေသခံတွေဆီ ငွေတောင်းပြီး ဝယ်ခိုင်းနေလို့ အိမ်ထောင်စုအလိုက် ငွေစုပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

(မိုးမိတ်မြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

ဖေဖော်ဝါရီ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring

မိုးမိတ်မြို့ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားဝယ်စီးဖို့ ဒေသခံတွေဆီ ငွေတောင်းပြီး ဝယ်ခိုင်းနေလို့ အိမ်ထောင်စုအလိုက် ငွေစုပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

မိုးမိတ်မြိုကို စစ်ကောင်စီရဲ့ တပ်မ(၅၅)နဲ့တပ်မ(၉၉)လက်အောက်ခံ တပ်ရင်းတွေရောက်နေတာပါ။ ‌တပ်ရင်းမှူးတွေနဲ့ တခြားအရာရှိတွေ စီးဖို့ဆိုပြီး ကားဝယ်ဖို့ ငွေတောင်းနေတာဖြစ်ပါတယ်။

” စစချင်းက ဒေသခံတွေကားကို ချောဆွဲပြီးစီးတာ။ စီးပြီး ဆီကုန်ရင် ကုန်တဲ့နေရာထားခဲ့တာ။ ပိုင်ရှင်‌တွေက လိုက်ရှာရတယ်။ အခု‌ကျတော့ သူတို့ စီးဖို့ကားဖိုး ကောက်နေတယ်။ အိမ်တိုင်းပေးရတယ်။ သောင်းဂဏန်းရနေ သိန်းဂဏန်းအထိ”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ၂၀၂၅ အောက်တိုဘာမှာ ပြန်ပေးခဲ့တာပါ။ စစ်ကောင်စီတပ် စစ်ကြောင်းတွေက မိုးမိတ်မြို့အတွင်းကို ၂၀၂၅ အောက်တိုဘာ နှောင်းပိုင်းမှာ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နိုင်ခြင်းမရှိသေးပါဘူး။

မြို့ပေါ်ရပ်ကွက်က ဒေသခံအများစုက တခြားနေရာတွေမှာ ခိုလှုံနေဆဲဖြစ်ပြီး မြို့ပေါ်မှာ အိမ်ထောင်စု ၇၀၀နီးပါး ရှိနေတယ်လို့ သိရပါတယ်။ ပိုင်ရှင်မနေတဲ့ တိုက်အိမ်တချို့မှာ စစ်ကောက်စီတပ်တွေ တပ်စွဲထားပြီး မြို့ထဲက အိမ်တွေကိုလည်း ဖောက်ထွင်းခိုးယူတာတွေ ရှိနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

” သူခိုးတွေကို ဒလန်လုပ်ခိုင်းပြီး စစ်တပ်ကပါ ခိုးနေတာ။ အိမ်တော်တော်များများ အဖောက် ခံထားရတယ်”လို့ စစ်ရှောင်တစ်ဦးက‌ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့် အကွာက အုန်းကြောကျေးရွာအထိပဲ ထိန်းချုပ်ထားနိုင်ပြီးတိုက်ပွဲတွေ ကြိုကြားကြိုကြားဆက်ဖြစ်နေပါတယ်။

မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်နက်ခဲယမ်းတွေ သိုလှောင်ထားတဲ့ အဆောက်အအုံကို PDF ပူး‌ပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီ ၃ရက်ညမှာ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။ မိုးမိတ်မြို့နယ်နဲ့ မိုးကုတ်မြို့နယ်ကြားထဲက ကျေးရွာတချို့မှာလည်း ယခုရက်ပိုင်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်