Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်က စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်က သိုက်တူကုန်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း၊သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်က သိုက်တူကုန်းစစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က(ဖေဖော်ဝါရီ ၁၉ ရက်) မနက် ၆ နာရီကျော်အချိန်မှာ တပ်ရင်း၃၈၀၁ တပ်ခွဲ(၅)နဲ့ ၃၈၀၂ တပ်ခွဲ(၆)တို့က သိုက်တူကုန်း စစ်တပ်ဂိတ်စခန်းကို တိိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးကာ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ တပ်ရင်း ၃၈၀၁ တပ်ခွဲ(၅)ကြို့ပင်ကောက်Hero ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲရေး တာဝန်ခံ ရဲဘော်ဆင်ရိုင်းက ပြောပါတယ်။

“အဲ့စခန်းမှာ အင်အားကတော့ ၂၀ကျော်လောက်ရှိတယ်။ စစ်တပ်ဘက်က ၅ဦးသေဆုံးပြီး ဒဏ်ရာရတဲ့လူတွေလည်းရှိပါတယ်”လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

အဲ့ဒီဂိတ်စခန်းဟာ လမ်းခရီးသွားလာတဲ့ ဒေသခံတွေကို စစ်ဆေးတာ၊ ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ဒေါ်တင်တင်နု သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။