Connect with us

Hi, what are you looking for?

သတင်း

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို PDFတိုက်ခိုက်

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မေ-၅၊၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အခုမေလ ၃ရက် မနက် ၁၁နာရီဝန်းကျင်က အင်အား ၂၀နီးပါးရှိတဲ့ မြို့လယ်ချောင်းဂိတ်စခန်း(မြို့ဝင်ဂိတ်စခန်း)ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်တပ်က ခုနစ်ဦး သေဆုံးပေမယ့် ဂိတ်စခန်းကို မရခဲ့ဘူးလို့ အသိပေးပါတယ်။ စစ်တပ်ရဲ့သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

“မြို့နဲ့က သိပ်မဝေဘူး။ဂိတ်ထိုင်ထားတာတော့ ကြာပြီ။စစ်ရေးအရ သိမ်းပိုက်ဖို့လုပ်ဆောင်ခဲ့တာ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အခုနှစ် ၂၀၂၆စက ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ဖူးပါတယ်။

ကြို့ပင်ကောက်၊ ဇီးကုန်းနဲ့ နတ်တလင်းမြို့နယ်ဟာ ရန်ကုန် – ပြည်လမ်းပိုင်းနဲ့ချိတ်ဆက်နေပြီး နယ်မြေချင်းလည်း ထိစပ်နေပါတယ်။

နတ်တလင်းမြို့နယ်အရှေ့ခြမ်းကို စစ်တပ်က ဧပြီကစပြီး အင်အား ၂၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေကာ အရပ်သားအချို့ သတ်ဖြတ်ခံရတာရှိတယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို PDFတိုက်ခိုက် မေ-၅၊၂၀၂၆။မိုမို/People's…

Posted by People's Spring on Monday 4 May 2026

ရုပ်သံ – ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့