Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံခရိုင်ရဲစခန်းကကင်းပတ်ဖို့ထွက်လာတဲ့ရဲတွေကို မြို့ပြကြွက်အဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်မှာခရိုင်ရဲစခန်းက‌ ကင်းပတ်ဖို့ထွက်လာတဲ့ ရဲတွေရဲ့ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

(မင်္ဂလာဒုံမြို့မရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဖေဖော်ဝါရီ-၂၄၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်မှာခရိုင်ရဲစခန်းက‌ ကင်းပတ်ဖို့ထွက်လာတဲ့ ရဲတွေရဲ့ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ သူတို့ထွက်လာတဲ့အချိန် ပထမတစ်လုံးခွဲလိုက်တာ ကားကိုထိသွားပြီး ကားပေါ်ကပြေးဆင်းပြီး စခန်းထဲပြန်ဝင်သွားပါတယ်။နောက်ပြန်ထွက်လာတော့ နောက်တစ်လုံးထပ်ခွဲလိုက်တာပါ” လို့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ည ၁၀နာရီကျော်မှာ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပထမ‌ တိုက်ခိုက်မှုမှာ ကားတိုက်ရိုက်ထိခဲ့သလို ဒုတိယတိုက်ခိုက်မှုမှာတော့ ရဲသုံးဦးလောက် ထိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ အမှန်က ပြန်ပြီးတစ်ခုခုလုပ်ဖို့ထွက်လာကြတာ၊ ထပ်ခွဲခံလိုက်ရတော့ ဘာမှမလုပ်နိုင်ဘူးဖြစ်သွားတာ” လို့ မြေပြင်အခြေအနေကို အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

မြို့ပြကြွက်အဖွဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၀ရက်ညကလည်း မှော်ဘီမြို့နယ် ရဲစခန်းကနေ အရပ်ဝတ်တွေနဲ့ထွက်လာတဲ့ ရဲနဲ့ ပျုစောထီးတွေကိုလက်လုပ်မိုင်းတွေလက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

“ ပွဲတွေများနေပေမယ့်တော်လှန်ရေးကိုလည်း အာရုံစိုက်ပေးကြပါ” လို့ မြို့ပြကြွက်အဖွဲ့ကပြည်သူတွေကို သတင်းစကားပါးပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်ကလည်း မင်္ဂလာဒုံမြို့မရဲစခန်းက ဂိတ်ကင်းမှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ရွာတွေကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။