Connect with us

Hi, what are you looking for?

သတင်း

ပုလဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ချင်ပြစ်ကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖပူးပေါင်းတပ်တွေက တိုက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

(ယင်းမာပင်ခရိုင်က PDF တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-NUG )

ဖေဖော်ဝါရီ-၂၈၊၂၀၂၆။ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ချင်ပြစ်ကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖပူးပေါင်းတပ်တွေက တိုက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။

ချင်ပြစ်ကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၃၀၀ခန့်က အင်အား ၁၀၀ခန့်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက်ပိုင်းမှာ ကျေးရွာအပြင်ထွက်လာစဉ် PDFနဲ့ ပကဖပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်။

” တိုက်မိုင်း ၂လုံး ချက်ကောင်းထိတာ။ ရွာဘက်ကို ပြန်ဝင်သွားတယ်။ ပုလဲတောင်ပိုင်းမှာ စစ်ကြောင်း တစ်ကြောင်း ရှိနေသေးတယ်။ ထိပ်တိုက်ချတဲ့ ပွဲမဖြစ်သေးဘူး။စစ်ရေးအခြေအနေကိုတော့ ဒေသခံတွေကို တောက်လျှောက်သတိပေးနေတာရှိတယ်”လို့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ BNRAအဖွဲ့ရဲ့တပ်စခန်းတွေကို PDF၊ပကဖပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၇ရက်မှာ စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်အချို့က ဖေဖော်ဝါရီ ၁၈ရက်မှာ စစ်ကောင်စီနဲ့ပူးပေါင်းသွားပြီး ဖေဖော်ဝါရီ ၁၉ရက်ကစပြီး စစ်ကောင်စီက ပုလဲမြို့နယ်ကို အင်အားတွေပို့ဆောင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ရက်ကစပြီး စစ်ကောင်စီတပ်က ပုလဲမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်း‌ ၂ကြောင်းခွဲပြီး ဝင်နေတာပါ။

ဖေဖော်ဝါရီ ၂၁ရက်ကနေ ဒီကနေ့အထိ ကန်ပေါက်ရွာ၊ ကျွန်းဘိုကုန်းရွာ၊ ကြောင်သန်းရွာ၊ ဆင်ရှင်ရွာ၊အင်ကြင်းစုရွာ၊ ကိုင်းတောရွာနဲ့ ချင်ရပြစ်ကျေးရွာတွေကို ဝင်ရောက်ပြီး ဒေသခံတွေကိုဖမ်းဆီးစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။စစ်ကောင်စီစစ်ကြောင်းဝင်တဲ့ရွာတွေဟာ တော်လှန်ရေးတပ်‌ တွေ တပ်စွဲမထားတဲ့ ရွာတွေဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့အထိ မြေပြင်တိုက်ပွဲမရှိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ဗိုလ်နဂါးနဲ့ လက်နက်ချBNRA တပ်ဖွဲ့ဝင်တွေက ပေးလိုက်တဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကြောင်းမဝင်သေးတဲ့ ကျေးရွာက နေအိမ်တွေကို တံခါးရွက်ဖြုတ်ယူသိမ်းဆည်းတွေ၊ အိမ်တွင်းပရိဘောဂပစ္စည်းတွေ ဖြုတ်သိမ်းတာတွေလည်း ပြုလုပ်နေကြရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းတွေရဲ့ အခြေအနေကို PDFတွေနဲ့ ဒေသခံတွေက စောင့်ကြည့်နေပြီး ကျေးရွာ ၁၂ရွာခန့်ဟာ ယာယီစစ်ရှောင်နေကြရတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook