Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမှာ စစ်တပ်က လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား ၂ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ − KNU

မတ်−၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ လယ်ဒို(ကျောက်ကြီး)မြို့နယ်က အရပ်သားပြည်သူနေထိုင်ရာကို စစ်ကောင်စီက မတ်လ ၂ရက်မှာ တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျောက်ကြီးမြို့နယ် ကညင်ကမန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ (၂၇)နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့ပြီး ကျွန်းကြီးကျေးရွာကိုလည်း စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးကြဲလို့ အသက်(၂၈)နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ကျောက်ကြီးမြို့နယ်အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေက အရပ်သား ပြည်သူလူထုတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးမှု မကြာခဏ ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လက်လွတ်ဆုံးရှုံးထားရတဲ့နယ်မြေဒေသတွေက ပြည်သူလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေပြီး အရပ်သားပြည်သူ အစုလိုက်၊ အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေမကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို ပိုသတိထားပြီး လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ အချက်တွေကိုလိုက်နာဖို့ စစ်ရေးအရှိန်မြင့်လာနိုင်တဲ့ အခြေအနေမှာ စစ်ရေးသတိရှိဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး