Connect with us

Hi, what are you looking for?

သတင်း

ကြံ့ဖွံ့ပါတီပွဲတက်ဖို့ အနုပညာရှင်တွေကို နေပြည်တော်လာဖို့ ဖိအားပေးခံရ

စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ စစ်တပ်ရဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ ဖွံ့ဖြိုး​ရေးပါတီ( ကြံ့ဖွံ့)ပါတီရဲ့ပွဲတတ်ရောက်ဖို့ အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေဖျက်ပြီး နေပြည်တော်ကိုသွားနေရတယ်လို့ အနုပညာလောကက သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

(ကြံ့ဖွံ့ပါတီဥက္ကဌဦးခင်ရီနဲ့ ပါတီထောက်ခံတဲ့ အနုပညာရှင်တွေ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ကြံ့ဖွတ်ပါတီ)

မတ်-၁၂၊၂၀၂၆။ဆဏ်း/People’s Spring

စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ စစ်တပ်ရဲ့ ပြည်​ထောင်စုကြံ့ခိုင်​ရေးနဲ့ ဖွံ့ဖြိုး​ရေးပါတီ( ကြံ့ဖွံ့)ပါတီရဲ့ပွဲတတ်ရောက်ဖို့ အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေဖျက်ပြီး နေပြည်တော်ကိုသွားနေရတယ်လို့ အနုပညာလောကက သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“ဒီနေ့(မတ်၁၂) မင်းသား၊ မင်းသမီး အားလုံးနီးပါးကို မည်သည့် ရိုက်ကူးရေးပဲရှိပါစေ အားလုံးကို ဖျက်ပြီး နေပြည်‌တော်ကို အရောက်လာရမယ်ဆိုပြီး ဖိအားပေးပြောဆို အကြောင်းကြားတယ်။အခု အားလုံးနီးပါး နေပြည်တော်ကိုသွားနေကြရပါတယ်။အကြောင်းရင်းက ကြံ့ဖွတ်(​ပြောသူရဲ့မူရင်းအသုံးအနှုန်းအတိုင်း)ပါတီ ပွဲတက်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်”လို့ အနုပညာလောကသားတစ်ဦးက အတည်ပြုပါတယ်။

နေပြည်တော်ကို ခေါ်ယူတဲ့အကြောင်းရင်းကို တိတိကျကျမသိရသေးပေမယ့် ကြံ့ဖွံ့ပါတီက အမတ်တွေရဲ့ တွေ့ဆုံပွဲရှိတာ‌ကြောင့် ရိုက်ကွင်း‌ တွေအားလုံးဖျက်ထားရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီပွဲမှာ သိရသလောက် ဖျော်ဖြေရေးလည်း လုပ်ရမှာ ဖြစ်တယ် အဲဒီမှာ မင်းသားနေတိုး က လတ်တလောမှာ သူ့အပေါ် ဝေဖန်မှုတွေ များနေတဲ့အတွက် ဒီတစ်ကြိမ် ဖျော်ဖြေရေး မလုပ်ပါရစေနဲ့ ။သူ့ကို ပွဲအတက်အနေနဲ့ပဲ လာပါရစေလို့ ပြောထားတာလည်း ကြားလို့ အခု သူလည်း ပွဲတက်အနေနဲ့ လာမယ်လို့ သိထားရပါတယ်”လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေကြတဲ့ ရုပ်ရှင် ၊သဘင်၊ ဂီတအနုပညာရှင်တွေက စစ်ကောင်စီကပြုလုပ်တဲ့ ပွဲတွေတိုင်းမှာ တတ်ရောက်ပေးရတာတွေ အမြဲလိုလိုတွေ့ရပါတယ်။

စစ်တပ်စိတ်တိုင်းကျစီစဥ်တဲ့ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ကြံ့ဖွံ့ပါတီဥက္ကဌက အနုပညာရှင်တွေကို ခေါ်ယူတွေ့ဆုံတာမျိုးရှိသလို ရွေးကောက်ပွဲအတွက်လည်း ဝါဒဖြန့် ဇာတ်ကားရိုက်ကူးတာတွေကို ဖိအားပေးလုပ်ဆောင်စေခဲ့တာတွေရှိပါတယ်။

ဒါအပြင် မတ် ၁၃ ရက်မှာလည်း စစ်ကောင်စီက တပ်မတော် အထိမ်းအမှတ် ရိုက်ကူးထားတဲ့ ဝါဒဖြန့် ဇာတ်ကား တိမ်ပင်လယ်ခရီးကြမ်း ကို ရုပ်ရှင်ရုံတွေအားလုံးမှာ ရုံတင်ဖို့ စီစဉ်ထားပါတယ်။

လက်ရှိကာလမှာ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ပြသနေရတာဖြစ်ပေမယ့် စစ်ကောင်စီက သူတို့ရိုက်ကူးတဲ့ ဝါဒဖြန့်ဇာတ်ကားတွေကိုတော့ ရုပ်ရှင်ရုံတိုင်းမှာ တင်ဖို့ ဖိအားပေး လုပ်ဆောင်နေတာပါ။

“ရုပ်ရှင်လုပ်ငန်းအတွက် ဥပဒေတွေ၊ ကန့်သတ်ချက်တွေ အမျိုးမျိုး ထုတ်ထားပေမယ့် သူတို့လိုချင်တဲ့ ကားတွေကျတော့ စိတ်ကြိုက် ပြသခွင့်ရနေတဲ့ပုံစံ ဖြစ်နေတယ်” လို့ ရုပ်ရှင်လောကသားတစ်ဦးက ပြောပါတယ်။

အဲဒီ့ရုပ်ရှင်က တောင်းခမ်း ဒေသတိုက်ပွဲကို ရိုက်ကူးထားတာဖြစ်ပြီး မြေပြင်အခြေအနေတွေကို ပြသတာထက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကိုပုံဖျက်ဖို့ ဝါဒဖြန့် ရိုက်ကူးထားတာလို့ ဇာတ်ကားနမူနာကို ကြည့်ရှူသူတစ်ဦး‌ကပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။