Connect with us

Hi, what are you looking for?

သတင်း

ဖလူးက ကျားဖြန့်ဝင်းထဲ လက်နက်ကြီးကျ လူထိခိုက်သေဆုံးမှုများဟု​ဒေသခံ​တွေ​ပြော

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် ၊ ဖလူးကျေးရွာအနီးက ကျားဖြန့်ဝင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ လူထိခိုက်သေဆုံးများတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

(လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ကျားဖြန့်ဝင်းကအ​ဆောက်အအုံ​တွေကို တည်ဆောက်ခဲ့စဉ်မြင်ကွင်း။ဓါတ်ပုံ-CJ )

မတ်−၁၃၊၂၀၂၆။ဒလပန်း/People’s Spring

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် ၊ ဖလူးကျေးရွာအနီးက ကျားဖြန့်ဝင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ လူထိခိုက်သေဆုံးများတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မတ်လ ၁၃ ရက် မနက်ပိုင်းမှာ ဖလူးကျေးရွာအနီးကကျားဖြန့်ဝင်းထဲကိုလက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

“မနက်ကကျတာ၊ ပထမတစ်လုံးကျတယ် ကျပြီးတဲ့အခါကြတော့ အဆောက်အဦးနားကိုကျတယ်။ အဲ့မှာ လန့်ပြီး လူတွေထွက်ပြေးကျတယ်။ အဲ့မှာ ပြေးတဲ့ လူအုပ်ကြားထဲကို လက်နက်ကြီးထပ်ကျတာ။ တော်တော်များများထိကုန်ကြတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ကေမယ့်လူထိခိုက်သေဆုံးမှုအ​ခြေအ​နေနဲ့ ဘယ်သူ​တွေထိခိုက်တယ်ဆနုတာအ​သေးစိပ်ကိုမသရ​သေးပဲ လူထု​နွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အဲ့ဒီ ကျားဖြန့်ဆိုက်ဟာ ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)ရဲ့ထိန်းချုပ်ရာလက်အောက်မှာရှိပြီး ဆောက်လုပ်ပြီးစီးသာ တစ်နှစ်ဝန်းကျင်သာရှိပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် မြဝတီမြို့တောင်ဘက်က ဖလူး-မဲကနယ် လမ်းပိုင်းတနေရာမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့ကြဲမှုကြောင့် DKBAတပ်ရဲ့ အရာရှိတစ်ဦး ဒဏ်ရာရပြီး ရဲဘော် သုံးဦး သေဆုံးခဲ့ရတဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးမှာ စစ်တပ်နဲ့ KNLA ဦး​ဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ။

လေးကေ့ကော်စွယ်တော်ကုန်း ( အမြောက်ကုန်း ) နဲ့ လက်ခတ်တောင်မှာ တပ်စွဲထားတဲ့ စစ်တပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လက်နက်ကြီး ပစ်ကူပေးနေတာလည်းဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်က လက်လွှတ်ခဲ့ရတဲ့ မြန်မာ-ထိုင်းနယ်စပ်တ​လျှောက်က စစ်တပ်စခန်းတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ တန်ပြန်ထိုးစစ်ဆင်​နေတာဖြစ်ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့်လည်း ​တော်လှန်​ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ဖြတ်​တောက်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မင်းလက်ပံကျေးရွာအနီးကနေ ရှေ့မတိုးနိုင်သေးပါဘူး။

မင်းလက်ပံကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုး​ရှေ့တိုးနိုင်ဖို့ ကြိုးစား​နေဆဲဖြစ်ပါတယ်။ မင်းလက်ပံကျေးရွာဟာ မြဝတီမြို့တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတစ်ခု ဖြစ်ပါတယ်။

DKBAဟာစစ်တပ်နဲ့ အပစ်ရပ်စာချုပ်NCA လက်မှတ်​ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်ရဲ့​ဆွေး​နွေးပွဲအများစုကိုတက်​နေကာစစ်တပ်နဲ့ နီးစပ်တဲ့အဖွဲ့ဖြစ်ပါတယ်။ဒါ​ပေမယ့် အခြားသတင်းတစ်ရပ်မှာ DKBA အမှတ်(၁)စစ်ကွပ်ကဲ​ရေးလက်​အောက်ခံ အမှတ် (၉၁၅)တပ်ရင်းက ဗိုလ်မှူး​စောထို့လွီ နဲ့ ဗိုလ်ကြီး ​စောကရင်​လေး တို့ဟာ NCA လမ်း​ကြောင်းကို​သွေဖယ်ပြီး ​ပေးအပ်ထား​သောတာဝန်ထက်​ကျော်လွန်ပြီး​တော့ ပူး​ပေါင်းအဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်း​ဆောင်ရွက်ခဲ့လို့ အဖွဲ့ဝင်အဖြစ်မှအပြီးအပိုင်ထုတ်ပယ်လိုက်တယ်လို့ မတ်လ ၁၁ ရက်မှထုတ်ပြန်ပါတယ် ။ပေးအပ်ထား​သောတာဝန်ထက်​ကျော်လွန်ပြီး​တော့ ပူး​ပေါင်းအဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်း​ဆောင်ရွက်ခဲ့တယ်ဆိုတာကဘယ်လိုလည်းဆိုတာကို​တော့ ​ဖော်ပြထားခြင်းမရှိပါဘူး ။

ဒါ့အပြင် အ​မေရီကန်နိုင်ငံသား​တွေကို ဦးတည်တဲ့အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)​တွေ​ကြောင့် အ​မေရီကန်က DKBA နဲ့ ​DKBAခေါင်း​ဆောင်​တွေကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ အ​ရေးယူပိတ်ဆို့ ဒဏ်ခတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။