Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်၊ ဒရုန်းနဲ့ဗုံးကြဲလို့တစ်မိသားစုတည်းလေးဦးသေဆုံး

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ် ၊ဒရုန်း နဲ့ ဗုံးကြခဲ့တာကြောင့်မိသားစုတစ်စုထဲက မိခင်၊ဖခင်နဲ့ ကလေးငယ် ၂ ဦး စုစု​ပေါင်း​လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

(​က​လေးငယ် နှစ်ဦးအပါအဝင် သေဆုံးခဲ့တဲ့မိသားစုဝင်​လေးဦး။ဓါတ်ပုံ-​ပေးပို့)

■ မိသားစုထဲက သုံးလသားအရွယ်​ယောကျာ်းလေးငယ်တဦးသာအသက်ရှင်​

မတ်-၁၄၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ် ၊ဒရုန်း နဲ့ ဗုံးကြခဲ့တာကြောင့်မိသားစုတစ်စုထဲက မိခင်၊ဖခင်နဲ့ ကလေးငယ် ၂ ဦး စုစု​ပေါင်း​လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မတ်လ၁၃ရက် ည ၉ နာရီကျော်အချိန်မှာ ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေစိုက် အမှတ်(၃၀၇)​ခြေမြန်တပ်ရင်း (ခမရ ၃၀၇ )မှ စစ်သား​တွေကသဲဖြူရွာသစ် ကျေးရွာအတွင်းကို လက်နက်ကြီး ၂ လုံး၊ ဒရုန်းဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့်သဲဖြူရွာသစ်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ်ကိုဝင်းဇော် ၊ ဇနီးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် မမာလာဝင်း ၊ သားဖြစ်သူ နဲ့ သမီးဖြစ်တဲ့ က​လေးငယ် ၂ ဦးစုစုပေါင်း မိသားစုဝင် ၄ ဦးသေဆုံးခဲ့ပါတယ်။မိသားစုထဲမှာ ၃ လသားအရွယ် ​​ယောကျာ်းလေးငယ်တဦးပဲအသက်ရှင်လွတ်​မြောက်ခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

“ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ လာပစ်တာ။ သေဆုံးသွားတဲ့ ၄ ဦးက တစ်မိသားစုထဲ။ လသားအရွယ်ကလေးတစ်ယောက်ပဲအသက်ရှင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

​သေဆုံးခဲ့သူ​တွေဟာအိပ်​နေတုန်း ​အိပ်ယာထဲမှာသေဆုံးခဲ့တာကို သတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ် ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း သမင်အင်းကုန်းကျေးရွာအတွင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချမှုကြောင့် နေအိမ်သုံးလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေစိုက် ခမရ ၃၀၇ တပ်ရင်း၊ ပိန်းဇလုတ်အခြေစိုက် ခမရ ၂၆၄ တပ်ရင်း နဲ့ ကျောက်တံခါးမြို့မှာတပ်စွဲထားတဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာတွေအပါအဝင် စစ်တောင်းမြစ်တစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဥ်နီးပါးလုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။