Connect with us

Hi, what are you looking for?

သတင်း

MNDAA နဲ့ TNLA တိုက်ပွဲဖြစ်​နေချိန်မှာစစ်တပ်က လေ​ကြောင်းကင်း​ထောက်

ကွတ်ခိုင်မြို့နယ်နဲ့ပတ်ဝန်းကျင်နေရာတွေမှာMNDAA နဲ့ TNLA တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်တပ်ရဲ့ဂျက်ဖ်ိုက်တာတွေနဲ့ ကင်းထောက်လေယာဉ်တွေ ပျံသန်းနေပါတယ်။

(စစ်တပ်အာဏာမသိမ်းခင်က တိုက်​လေယာဥ်အချို့​လေ့ကျင့်ပျံသန်းစဥ်။ဓါတ်ပုံ-CINCDS)

မတ်-၁၅၊၂၀၂၆။ထားမြတ်၊အိမ်သွင်/People’s

Spring

ကွတ်ခိုင်မြို့နယ်နဲ့ပတ်ဝန်းကျင်နေရာတွေမှာMNDAA နဲ့ TNLA တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်တပ်ရဲ့ဂျက်ဖ်ိုက်တာတွေနဲ့ ကင်းထောက်လေယာဉ်တွေ ပျံသန်းနေပါတယ်။

မတ်လ၁၅ရက်မနက်ပိုင်းအစောပိုင်းကစပြီးမူဆယ်၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ နမ့်ခမ်း၊ သိန္နီ နဲ့လားရှိုးမြို့နယ်တွေကိုဖြတ်ပြီး ဂျက်ဖ်ိုက်တာတွေ နဲ့ ကင်းထောက်လေယာဉ်တွေပျံသန်းကင်း​ထောက်​နေတယ်လို့ ဒေသခံတွေကပြောပါတယ်။”၂နာရီခြား ၁ခါလောက် လာတယ်။ ဂျက်ရော လေယာဉ်ရော မနက်ကတည်းက ပတ်နေတာ။ကြဲတာတော့ မကြားဘူး။ ဒါပေမယ့်ကြောက်ကြရတယ်။ ဒရုန်းလည်းကြောက်ရ၊ လေယာဉ်လည်းကြောက်ရ” လို့ နမ့်ဖက်ကာမြို့ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်၊ နမ့်ဖက်ကာနဲ့ နမ့်ခမ်းမြို့ပတ်ဝန်းကျင်တွေမှာ TNLAရဲ့ စခန်းတွေကို MNDAAက မတ် ၁၄ ရက်မနက်အ​စောပိုင်းကစပြီး တိုက်ခိုက်သိမ်းပိုက်​နေပြီးနဲ့ ​ဒေသတွင်းစစ်ရေးတင်းမာနေပါတယ်။ အဲဒီအချိန်မှာပဲ စစ်တပ်ကဂျက်ဖ်ိုက်တာတွေနဲ့ ကင်းထောက်လေယာဉ်တွေ ပျံသန်းနေတာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့နယ်မှာမတ်လ၁၄ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLAစခန်းအားလုံးနီးပါးကို MNDAA ကသိမ်းပိုက်ခဲ့ပါတယ်။ ဒါ့အပြင်MNDAAတပ်‌တွေဟာ နမ့်ခမ်းမြို့နယ်က TNLAစခန်းတွေကိုလည်း တိုက်ခိုက် နေတယ်လို့သတင်းတွေထွက်ပေါ်နေသလို မြို့အနီးပတ်ဝန်းကျင်မှာလည်း ဒရုန်းအသုံးပြုပြီးတိုက်ခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တော်လှန်ရေးတပ်အချင်းချင်းတိုက်ခိုက်နေမှုအပေါ် စစ်ကောင်စီကအမြတ်ထုတ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကသတိပေးနေကြပြီး လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ဖို့လည်း TNLAနဲ့ MNDAAကို ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

တိုက်ပွဲဖြစ်တာဟာ TNLA ဘက်က ဦးစွာ သေနတ်ဖောက်ပြီး ပုံမှန်ကင်းလှည့်နေတဲ့ တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်လို့ဆိုပြီး MNDAAကထုတ်ပြန်ထားပါတယ်။TNLA ကတော့ MNDAAဘက်ကနေ​နေရာအများအပြားကို ထိုးစစ်စင်တိုက်ခိုက်လာတာဖြစ်ပြီး နှစ်ဘက်ဖြစ်ပွားနေတဲ့ပြဿနာတွေဟာ မိတ်ဖက်ပြဿနာလို့ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် မပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်တဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပန်ကြားချက်ထုတ်ပြန်ကာ တိုက်ပွဲများ ချက်ချင်းရပ်တန့်ဖို တောင်းဆိုထားပါတယ်။မိတ်ဖက်ပဋိပက္ခ အဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖိုလည်း NUCCက TNLAနဲ့ MNDAA တပ်ဖွဲ့တွေကိုမေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။