Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေ

မကွေးတိုင်း၊ ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းက ကားတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ဆိပ်ဖြူမီဒီယာ

မတ်-၁၇၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းကို တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရိက္ခာနဲ့စစ်ကား အစီးရေ ၁၃၀ကျော်ပါတဲ့ ယာဥ်တန်းဟာ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကနေ ဆိပ်ဖြူမြို့နယ်ဖြတ်ပြီး ပေါက်မြို့နယ်တောင်ပိုင်းကတဆင့် မြို့အတွင်းဝင်ဖို့ကြိုးစားနေတာလို့ ဆိုပါတယ်။

“ယာကြီးပြင်ပျူရွာရောက်ပြီ။ပေါက်မြို့ဘက်ကို ဒီနေ့ ရှေ့ပြေးစထွက်နေပြီ”လို့ ပေါက်မြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ယာကြီးပြင်ကျေးရွာကနေ ပေါက်မြို့ပေါ်ကို ရောက်ဖို့ (၅)မိုင်ဝန်းကျင် လိုသေးတယ်လို့ အသိပေးပါတယ်။

အဲဒီယာဥ်တန်းအတွက် ရှေ့ပြေးရှင်းလင်းတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အခုမတ် ၁၃ ရက်က တိုက်ပွဲစဖြစ်တယ်လို့ သိရပါတယ်။

“၁၃ရက်နေ့က သုံးယောက်(စစ်ကောင်စီတပ်သား)သေတယ်။မနေ့က ဒရုန်းတွေနဲ့သူတို့ဘက်က တိုက်တယ်”လို့ ပေါက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ယာဥ်တန်းမှာ တပ်သားအင်အားအပြည့်ပါတဲ့ ကားအစီးရေ ၃၀ကျော်နဲ့ ရိက္ခာတွေ တင်ထားတဲ့ ယာဥ်တွေအပါအဝင် စုစုပေါင်း အစီး ၁၃၀ ကျော်ပါတယ်လို့ အသိပေးပါတယ်။

“ယာဥ်တန်းရည်မှန်းချက်ကတော့ ပေါက်မြို့နယ်ထဲမှာပျူရွာတွေရှိတယ်။ များတယ်ပေါ့နော်။ ပျူရွာက မကွေး တိုင်းထဲမှာပျူရွာအများဆုံးမြို့ဖြစ်တယ်။အဲ့ကရွာတွေကို PDF တွေက ပတ်လည်ပိတ်ဆို့ရိက္ခာဖြတ်ထားတယ်”လို့ ပေါက်မြို့နယ်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ပေါက်မြို့ကတဆင့် ကပစ(၂၄)ကို သွားတာ ဒါမှမဟုတ် ပေါက်မြို့ကနေ ပျူစောထီးကျေးရွာတွေကို ဖြန့်ခွဲသွား တမျိုးလည်းဖြစ်နိုင်တယ်လို့ မကွေးတိုင်းစစ်ရေးစောင့်ကြည့်သူက သုံးသပ်ပါတယ်။

“၂၄(ကပစ ၂၄)ဆိုတာလဲခန့်မှန်းဆဲပဲရှိသေးတာ အပြောင်းလဲဖြစ်နိုင်လို့ စောင့်ကြည့်ရဦးမယ်။ချင်းပြည်ကို ယာဥ်တန်းမတတ်မှလမ်းဆုံးတယ် ပြောရမယ်”လို့ သူက ပြောပါတယ်။

မနှစ်က ၂၀၂၅ ဇူလိုင်ကတည်းက ပခုက္ကူတပ်မ(၁၀၁)ကနေ မျှားပိုင်းကျေးရွာအနီးရှိတဲ့ ကပစ(၂၄)ကို စစ်တပ်က အင်အား ၁၀၀၀ဝန်းကျင် ပို့ခဲ့တာရှိပါတယ်။

အဲဒီဖြစ်စဥ်မှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာတွေကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးတာအပြင် လက်နက်ခဲယမ်းအချို့ သိမ်းနိုင်ခဲ့တာ ရှိပါတယ်။

စစ်တပ်က အရေးပေါ်ကြေညာထားတဲ့ ၆၃မြို့နယ်မှာ ပေါက်မြို့နယ် ပါဝင်ပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။