မတ်-၂၂၊၂၀၂၆။မိုမို/People’s Spring
ရန်ကုန်-မန္တလေးလမ်းမကြီး၊ နေပြည်တော်ကောင်စီနယ်မြေအဝင် စစ်တပ်ရဲ့အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်ကို မတ်လ ၂၁ရက် နေ့လယ် ၁၂နာရီ က စစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုကျော်လွှားပြီးတော့FPVဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ် ။
Operation Fly Over Urban (Yae Ni) လို့အမည်ပေးထားတဲ့ စစ်ဆင်ရေးမှာ စစ်တပ်ဘက် က Jammer (ဒရုန်းဖြတ်စက်)တွေ ၊တရုတ်နိုင်ငံထုတ် ဒရုန်းကာကွယ်ရေးစန် Spoofer တွေ အပြင်လက် နက်ငယ်တွေနဲ့ပါ တန်ပြန်ပစ်ခတ်ခဲ့ပေမယ့် ပစ်မှတ်ကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်
“နေပြည်တော်လိုမျိုးစစ်ဆေးရေးနေပြည်တော်အဝင်ဂိတ် ဒါမျိုးကို တိုက်ခိုက်နိုင်တာက တကယ်ရှားပါတယ်။အဲဒီနေ့မနက် ကျွန်တော်တို့ အလုပ်လုပ်မယ့် ဒေသကိုချဥ်းကပ်ကြည့်တဲ့အခါ ရန်သူက သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို စပြီးဖွင့်ထားပြီဆိုတာ ထောက်လှမ်းသိရှိတယ်။ဒါပေမယ့် ဒါတွေက သူတို့သုံးနေကြ သမရိုးကြဖြစ်စဥ်တွေ ထဲက တခုပဲ အဲဒါတွေကို ကျော်လွှားနိုင်တဲ့နည်းပညာရှိပြီးသားဖြစ်တဲ့အတွက် ကျွန်တော်တို့က တည်တည်ငြိမ်ငြိမ်ပဲ အေးအေးဆေးဆေးတိုက်ခိုက်ခဲ့တာပါ”လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်ပုံကို ရှင်းပြပါတယ်။

Public Service Announcement
FPV အသေခံဒရုန်း တွေနဲ့ တိုက်ခိုက်ခဲ့မှုမှာ စစ်တပ်က ၇ ဦးဝန်းကျင် ထိခိုက်မှုရှိတယ်လို့ သိရပြီး သေဆုံးမှုစာရင်းကို ဆက်လက်စုံစမ်းနေဆဲလို့ အသိပေးပါတယ်။စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကို People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်တဲ့ရုပ်သံမှတ်တမ်းကိုလည်းထုတ်ပြန်ခဲ့တာမှာ အသေခံ FTV ဒရုန်းတွေစစ်တပ်ဂိတ်ကိုပျံသန်းသွားချိန်မှာ စစ်သားအချို့က ခုခံပစ်ခတ်ဖို့ကြိုးစားပေမယ့် ဒရုန်း ၂ စီးက ဂိတ်ထဲအထိပျံသန်းဖောက်ခွဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။
စုပေါင်းဂိတ်ဟာ ပြည်သူတွေ အပေါ် ငွေကြေးအတင်းအဓမ္မ ကောက်ခံတာ၊ ကုန်စည်စီးဆင်းမှုတွေအပေါ် ဥပဒေမဲ့ ဟန့်တားနှောင့်ယှက်တားဆီးတာတွေ ကို ဆိုးရွားစွာပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
နေပြည်တော်ကောင်စီအတွင်း စုပေါင်းဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်စစ်တပ်က မြေပြင်ထိုးစစ်ဆင်မှုတွေ တန်ပြန် လုပ်ခဲ့ပေမယ့် စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ဝရဇိန်တပ်ဖွဲ့ နဲ့ ဇာမဏီ တပ်ဖွဲ့ ရဲဘော်တွေ ဘေးကင်းခဲ့တယ်လို့အသိပေးပါတယ်။
“ကျွန်တော်တို့ ပထမ မစ်ရှင် တောင်ငူလေဆိပ်မစ်ရှင် အပြီးမှာ ကြေညာထားပြီးသားဖြစ်တယ်။ကျွန်တော်တို့ဆီမှာ ရန်သူ့ရဲ့လေကြောင်းရန်ကာကွယ်ရေးအဆင့်ဆင့်ကို ဖြတ်သန်းကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်တဲ့နည်းပညာကို ပိုင်ထားပြီး။
အဲဒီကနေ တဆင့် အလုပ်လုပ်နိုင်ဖို့အတွက် စနစ်တကျပြင်ဆင်ရတာ နောက်ပြီးကျတော့ နည်းပညာဆိုတဲ့ သဘောက ရန်သူနဲ့ ကိုယ်နဲ့က ဘုံလုံတလှည့်ငါးဖျံတစ်လှည့် ရှိနေတက်တဲ့သဘောရှိတော့ ကျွန်တော်တို့သည် အမြဲတမ်းဦးနေအောင် အမြဲတမ်း updateဖြစ်အောင် ကျွန်တော်တို့ရဲ့ Research and Development ဌာနက ကြိုးစားနေတယ်”လို့ အထက်ပါတာဝန်ရှသူကပြောပါတယ်။
တိုက်ခိုက်ရေးရဲဘော်တွေ၊ဒရုန်းတပ်ဖွဲ့မှာရှိနေတဲ့ operator တွေကလည်း update ဖြစ်တဲ့ နည်းပညာတွေ နဲ့ အသားကျအောင် စဥ်ဆက်မပြတ်လေ့ကျင့်နေတယ်လို့လည်းသူကဆက်ပြောပါတယ်။
ဒါ့အပြင် လုံလောက်တဲ့အရင်းအမြစ်ရလာခဲ့ရင် ဒီ့ထက်ပိုပြီးပြင်းထန်တဲ့ မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်ချင်တယ်အတွက် ပြည်သူတွေက ဖော်ဆောင်ခွင့်ပြုဖို့လည်း သူက တိုက်တွန်းပါတယ်။
နေပြည်တော်ကောင်စီအတွင်း စစ်တပ်ဂိတ်ကို ဝရဇိန်တပ်ဖွဲ့က FPV ဒရုန်းနဲ့တိုက်ခိုက် မတ်-၂၂၊၂၀၂၆။မိုမို/People's…
Posted by People's Spring on Sunday 22 March 2026
ရုပ်သံ-ဝရဇိန်တပ်ဖွဲ့


















































