Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်တော်ခေါ်ချိန် နေပြည်‌တော်မှာ ငလျင်လှုပ်

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။

၂၀၂၅မတ်လ၂၈ရက်ကလှုပ်ခတ်တဲ့ငလျင်ကြီးကြောင့်နေပြည်တော်ကလွှတ်တော်အဆောက်အဦး ပျက်စီးနေတာကိုတွေ့ရစဉ်။ဓာတ်ပုံ-စစ်​ကောင်စီ

မတ်-၂၃၊၂၀၂၆။လူအေး/People’s Spring

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။

မတ်လ ၂၃ ရက် ညနေ ၆နာရီ ၁၄မိနစ်မှာ ငလျင်လှုပ်သွားတာပါ။

” ငလျင်က ထူးဆန်းတယ်။ ပြင်းလွန်းလို့ ဆင်းပြေးရတယ်။ နေပြည်တော်မို့လို့ ပိုကြောက်တယ်။ လွှတ်တော်ခေါ်တဲ့ရက်မို့”လို့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်မှာ စစ်တပ်က လွှတ်တော်ခေါ်နေပြီး သမ္မတရွေးဖို့ စီစဉ်နေချိန် ငလျင်လှုပ်တာမို့ ဘာသာရေးအယူအဆအစွဲရှိ သူတွေက စိုးရိမ်နေတာပါ။

“ပြည်သူကို သတ်၊ ရပ်ရွာကို မီးလောင်တိုက်သွင်းနေတဲ့ မင်းအောင်လှိုင် သမ္မတနေရာယူမှာပါ။ နိုင်ငံက ဘယ်လိုလုပ်ကံကောင်းနိုင်ပါ့မလဲ”လို့ နေပြည်တော် ဒက္ခိဏသိရိမြို့က အသက်(၇၀)ခန့် အဖွားအိုတစ်ဦးကပြောပါတယ်။

ငလျင်ကမြေအနက် ၆မိုင်ခန့်ကို ဗဟိုပြုပြီး လှုပ်သွားတာလို့ ထိုင်းမိုးလေဝသဌာနက ထုတ် ပြန်ထားပါတယ်။၂၀၂၅ မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ရစ်ခ်တာစကေး ၇ဒဿမ၇ ငလျင်က လာမယ့် မတ်လ ၂၈ရက်မှာ ၁နှစ်ပြည့်မှာပါ။လူထောင်ချီ သေဆုံးစေပြီး မြန်မာ့သမိုင်းတ​လျှောက် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်​စေခဲ့တဲ့ စစ်ကိုင်ငလျင်ကြီး​ကြောင့် နေပြည်တော်မှာလည်း ​လူ​သေဆုံးဒဏ်ရာရသူ ၊အ​ဆောက်အအုံပျက်စီးမှုများပြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။