Connect with us

Hi, what are you looking for?

သတင်း

ကသာမှာစစ်တပ်ရဲ့MI-17ရဟတ်ယာဉ်၁စီးကိုတော်လှန်​ရေးတပ်တွေပစ်ခတ်လို့အ​ရေး​ပေါ်ဆင်း

ကသာမြို့မှာခြေမြန်တပ်ရင်း ခမရ(၃၀၉)ကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ်၁စီးကို​တော်လှန်​ရေးပူးပေါင်းတပ်တွေကပစ်ခတ်လို့ ထိမှန်ပြီး အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်ရဲ့ ရဟတ်ယာဥ်တစ်စင်း (ပုံအ​ဟောင်းဖြစ်ပါတယ်)

မတ်-၂၅၊၂၀၂၆။ကဖေး/People’s Spring

ကသာမြို့မှာခြေမြန်တပ်ရင်း ခမရ(၃၀၉)ကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ်၁စီးကို​တော်လှန်​ရေးပူးပေါင်းတပ်တွေကပစ်ခတ်လို့ ထိမှန်ပြီး အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ဒီက​နေ့ (မတ်လ ၂၅ ရက်နေ့) ညနေ ၄ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

“ညနေက Mi17 ၃ စီးဆင်းဖို့ကို ဖိုက်တာတွေ ပတ်ပျံပေးတာ။ပြန်အတက်မှာ ၂ စီးမြောက်ရဟတ်ယာဉ်ကို ထိတယ်။အဲ့ဒီအစီးက ငအိုးမှာ အရေးပေါ်ဆင်းရတယ်”လို့ အထက်ပါသတင်းရင်းမြစ်က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၅ရက် ညနေ ၃နာရီ ၃၀မိနစ်နဲ့ ၄နာရီကြားမှာ မိတ္ထိလာ၊ တံတားဦး၊ ဟုမ္မလင်းလေဆိပ်တက် ဂျက်ဖိုက်တာ ၅စီးက ခမရ(၃၀၉)အနီးနဲ့ ကသာမြို့နယ်အတွင်း ပတ်ပျံပြီး ရဟတ်ယာဉ် ၃စီးက ၃၀၉ တပ်ရင်းထဲကို ဆင်းသက်ခဲ့တယ်လို့ဆိုပါတယ်။

ရဟတ်ယာဉ်၃စီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေချပြီး ပြန်တက်စဉ် PDF ပူးပေါင်းတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်အစီးကို ထိမှန်ပြီး မဘိမ်းမြို့နယ်၊ငအိုးဘောလုံးကွင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ခမရ(၃၀၉)ကနေတက်လာတဲ့ Mi-17 ရဟတ်ယာဉ်၃စီးအနက် ၁ စီးက ညနေ ၄ နာရီ၁၅မိနစ်ခန့်မှာ ငအိုးဘောလုံးကွင်းထဲကို ဆင်းသက်ခဲ့ပြီး နောက်ထပ် ၂စီးက ညနေ ၄နာရီ၄၅မိနစ်ခန့်မှာသပိတ်ကျင်းမြို့ အခြေစိုက် တွင်းငယ် အမှတ် (၁၃)တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲကို ဆင်းသက်သွားတယ်လို့လေကြောင်းရန်စောင့်ကြည့်သတိပေး ရေး တယ်လီဂရန်ချန်နယ်A.R.P (AIR RAID PRECAUTIONS) က လည်းဖော်ပြထားပါတယ်။

လက်ရှိမှာ ကသာမြို့အနီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ ကသာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။ စစ်တပ်က မြို့ကို ဗုံးကြဲလို့ ​တောိလှန်​ရေးတပ်​တွေပြန်ဆုတ်ခွာထားစဉ် ‌ဒေသခံတွေ မြို့ထဲမှာပြန်လာနေဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပြီး စာသင်ကျောင်းတွေကိုလည်းအတင်းအကြပ်ပြန်ဖွင့်ခိုင်းခဲ့ပါတယ်။

မတ်လ ၂၀ရက်မနက်မှာတော့ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့မနက်မှာပဲ စစ်ကောင်စီက မြို့ပေါ်ကို ပစ်မှတ်ထားဗုံးကြဲခဲ့ပါတယ်။မတ်လ ၂၀ရက် နေ့လယ်မှာ ကသာမြို့ ရပ်ကွက်(၃)ထဲကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲလို့ သံဃာတော်အချို့နဲ့ စစ်ဘေးရှောင်တွေအပါအဝင် ၈၀ဦးခန့်အထိ ​သေဆုံးထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်တပ်က ပြည်သူ​တွေထွက်မရ​အောင် မြို့ပေါ်ရပ်ကွက်တွေကိုပိတ်ဆို့ထားပြီး လေကြောင်းကနေလည်းဗုံးကြဲနေတယ်လို့သိရပါတယ်။

မတ် ၂၅ ရက်မနက်ပိုင်းနဲ့ညနေပိုင်းမှာ စစ်ကောင်စီက ကသာ၊ ထီးချိုင့်၊ ကောလင်း၊ပင်လည်ဘူးမြို့တွေကိုဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။