Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင် ရေတွင်းကုန်း ဒေသခံတချို့ကို စစ်တပ် ဆက်လက်ဖမ်းဆီးထား

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ၊ ရေတွင်းကုန်းကျေးရွာက ဒေသခံတချို့ကို စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

မတ်-၂၈၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ၊ ရေတွင်းကုန်းကျေးရွာက ဒေသခံတချို့ကို စစ်တပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကြောင်းထိုးလာပြီး ကျေးရွာထဲကိုတော့ ရွာသူရွာသားတွေအကုန်လုံးဖမ်းဆီးထားတယ်။တချို့တစ်ဝက်ပြန်လွတ်သွားတယ်။ ပြီးတော့မှ အခုဆိုရင်တော့ ၁၅ ယောက်အထဲမှာ ဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေလည်း ကျန်နေခဲ့တယ်လို့ သိရတယ်” ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နဲ့ ကျောင်းကုန်းရွာ​တွေကို စစ်တပ်ရဲ့တပ်မ ၇၇ ဦး​ဆောင်တဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်း​တွေက စစ်
ကြောင်း​လေး​ကြောင်းခွဲရောက်လာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပြည်သူ ၃၀၀ ​ကျော်ကိုဖမ်းဆီးပြီး​တော့ ၃၀ခန်ကို ​ကျော်ကိုသတ်ဖြတ်သွားတယ်လို့ အမျိုးသားညညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ​​ကြောင့်ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နဲ့ သက်ကြီးရွယ်အို​တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ဦးဝန်ကျင် သေဆုံးခဲ့တယ်လို့ ​ရုပ်သံမှတ်တမ်းနဲ့တကွဖော်ပြထားပါတယ်။

ပြည်သူ​တွေကိုဓါးစာခံအဖြစ်ဖမ်းဆီးထားတဲ့ စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ပြီး ပြည်သူ ၃၀၀ ​ကျော်ကိုကယ်တင်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာ စစ်တပ်က​သေဆုံးထိခိုက်သူများခဲ့လို ​PDF နဲ့ KNLA တပ်ဖွဲ့ဝင်ဆယ်ဦး​ကျော်ကျဆုံးခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ ရေတွင်းကုန်းရွာအတွင်းမှာ တပ်စွဲအထိုင်ချထားဆဲဖြစ်တယ်လို့ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လက်ရှိ စစ်ကောင်စီဘက်က တချို့ ကင်းပုန်းထိုးတာတွေ အထိုင်ရှိသေးတယ်။ ဆက်ပြီးရှေ့ဆက်ထပ်တိုးရှိတယ်”လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့်ရေတွင်းကုန်း ၊ကျောင်းကုန်း၊ အင်းပရိ ၊ဒလဆိပ် ၊ဝက်ချဲ ၊အင်ကုန်း စတဲ့ရွာ​တွေက ဒေသခံ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာဖြစ်ပါတယ်။

ညောင်လေးပင်ဒေသဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေလည်းဖြစ်ပါတယ်။KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်မှာ ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းစတဲ့ မြို့နယ် သုံးခုပါဝင်ပါတယ်။

(ညောင်လေးပင်ခရိုင်မှာ စစ်တပ်က ပြည်သူတွေဖမ်းဆီးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ။ ဓာတ်ပုံ – KNU)

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။