Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းမှု ကြိုဆိုကြောင်း တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေး ကောင်စီ ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုအပေါ် ကြိုဆိုထောက်ခံကြောင်း တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီက မတ်လ ၃၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မတ်-၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုအပေါ် ကြိုဆိုထောက်ခံကြောင်း တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီက မတ်လ ၃၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ (၃၀) ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ ပူးပေါင်းဖွဲ့စည်းခဲ့တဲ့ ဦးဆောင်ကောင်စီ ကို ဂုဏ်ယူစွာ ကြိုဆိုထောက်ခံကြောင်း ဖော်ပြကာ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အသိပေးပါတယ်။

“ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် တော်လှန်ရေး အောင်ပွဲ အမြန်ဆုံးရယူရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် ချမှတ် ထားသည့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်နှင့်အတူ မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)၊ စုပေါင်းခေါင်းဆောင်မှု (Collective Leadership) စသည့် မူဝါဒများကိုအခြေခံ၍ လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် လေးနက်စွာဖြင့် ဆန္ဒပြုအပ်ပါသည်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီဟာ တနင်္သာရီတိုင်းမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေး အင်အားစုများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ပြည်နယ်/ယူနစ်/EROs၊ ကိုယ်စားပြု၊ ပြည်သူ့ကိုယ်စားပြု နဲ့ အမျိုးသမီးကိုယ်စားပြု စတဲ့ မဏ္ဍိုင်ကြီး ၃ ခုနဲ့ ဖွဲ့စည်းသွားမယ်လို့ ဦးဆောင်ကောင်စီ ခေါင်းဆောင်တွေက ပြောကြားထားပါတယ်။

စိန်ခေါ် မှု အမျိုးမျိုးကြောင့် ကနဦးအနေနဲ့ စတင်ဆွေးနွေးခဲ့ကြတဲ့ NUG၊ KNU၊ KIO၊ KNPP၊ CNF ၅ဖွဲ့နဲ့ CRPH စုစုပေါင်း ၆ဖွဲ့ နဲ့ အစပျိုးတာထွက်ဖို့ ဖြစ်ပေမယ့် မဏ္ဍိုင် ၃ ခု စုံစုံလင်လင် ပါဝင်နိုင်ရေး၊ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုင်သူအားလုံး ပါဝင်ရေးကြိုးစားသွားမယ်လို့ KNPP ဥက္ကဋ္ဌ ခူဦးရယ်က ပြောပြထားပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” မှာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းအများအပြားနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ လူထုကိုယ်စား လှယ်တွေ စုပေါင်းပြီးစုဖွဲ့ လိုက်တာလို့ ပြောပါတယ်။

“ကျနော်တို့ဖွဲစည်းလိုက်တဲ့ “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” ဟာ၊ တရားဝင်မှု၊ တာဝန်ခံမှုနဲ့ ညီညွတ်မှုကို အခြေခံတဲ့ မဟာဗျူဟာ ခြေလှမ်းသစ်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို သိစေချင်ပါတယ်။ ဒါဟာ စစ်ရေးအရဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို ရည်ရွယ်သလို၊ နိုင်ငံရေးအရ အမျိုးသားရေး ညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို ရည်ရွယ်ပါတယ်” လို့လည်း ယာယီသမ္မတက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။