Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ မီးပျက်ချိန်ပိုများလာ

ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ရန်ကုန်လူထုသပိတ်က လှုပ်ရှားမှုပြုလုပ်နေတာကို ၂၀၂၅က တွေ့ရစဉ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

ဧပြီ-၁၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်တပ်လက်‌အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက တစ်ရက် ၈ နာရီ မီးပြတ်မယ်လို့ကြေညာခဲ့ပေမယ့် ဒီရက်ပိုင်းမှာ ၁၂ နာရီအထိ ပြတ်နေတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အရင်က နံနက် ၉နာရီကနေ ည ၉ နာရီကြားကို ၄ နာရီ မီးပေး ၊ ၄ နာရီ မီးပျက်နဲ့ တစ်ရက်ကို ၈နာရီ မီးဖြတ်နေတာပါ။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ နံနက် ၅ နာရီကနေ ည ၁ နာရီအတွင်း ၄ နာရီခြား တစ်ကြိမ် မီးပေးနေတာကြောင့် တစ်ရက်ကို ၁၂ နာရီ မီးပြတ်နေတာပါ။

စစ်တပ်က သူတို့ရဲ့ တရားမဝင် ‌ရွေးကောက်ပွဲ ကာလမှာ လျှပ်စစ်မီးကို ၂၄ နာရီ အပြည့် ပေးခဲ့ ပေမယ့် စစ်တပ်လွှတ်တော်စတင်ချိန်မှာပဲ အလှည့်ကျစနစ်တွေနဲ့ မီးပေးဖို့ ပြန်လုပ်ဆောင်လာကြတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ‌နွေရာသီရောက်ရှိချိန်တိုင်း ဓာတ်အားလျော့ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျှပ်စစ်မီးအပြည့်အဝမရကြတာပါ။

ဒ့ါအပြင် တချို့‌ဒေသတွေမှာ မီးမပေးနိုင်တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ စစ်တပ်က ကြေညာချက်ထုတ် ပြန်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းစက်ရုံတွေကရလာတဲ့ ဓာတ်အားကို ဖြန့်ဝေရာမှာ ၂၄ နာရီလျှပ်စစ်မီးပေးပြီးတစ်ယူနစ်ကို ၉၀၀ ကျပ်နူန်းနဲ့ ကောက်ခံသွားမယ်ဆိုတာကို စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေ ဆီ အသိပေးလာတယ်လို့သိရပါတယ်။

သတင်း

မတ်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်း​ခေါင်​ကျော်တွင်​မြေငလျင်လှုပ်မည်ဆို​သော​ကောလဟလများထွက်​ပေါ်​ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်​​ပေါ်တွင်မ​နေရဲ​တော့ဘဲ လမ်း​ပေါ်သို့ထွက်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။ ​မြေငလျင်​ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရ​​သေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း ​မြေငလျင်လှုပ်မည် ၊အနီ​ရောင်အဆင့်ဟု​ကြေညာသွားသည်ဆိုကာ ​ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်​​ရေးသားမျှ​ဝေထားကြသည်။ ငလျင်လှုပ်မည်သတင်းများထွက်​ပေါ်ပြီး​နောက်ပြည်သူများမှာ တိုက်ခန်းများ ၊​နေအိမ်များ​ပေါ်တွင်မ​နေရဲ​တော့ဘဲ အိမ်​အောက် ဆင်း၍...

သတင်း

ရန်ကုန်မြို့၌ တစ်ရက်လျှင် ၄နာရီမီးပေးမည့် အလှည့်ကျ အချိန်ဇယားကို YESC Call Center က ယနေ့(မတ်လ ၂၉ ရက်) ညတွင် ထုတ်ပြန်လိုက်သည်။