Connect with us

Hi, what are you looking for?

သတင်း

ဒဂုံဆိပ်ကမ်းက အထည်ချုပ်စက်ရုံကို စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၂ဦးက ဝင်စစ်ဆေးတဲ့ပုံစံနဲ့ဓားပြတိုက်

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံကို စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၂ဦးက ဝင်စစ်ဆေးတဲ့ ပုံစံသုံးပြီး ကျပ်သိန်း ၂ထောင်ကျော် ဓားပြတိုက်သွားတယ်လို့ ဒေသခံနဲ့ စက်ရုံဝန်းထမ်းအချို့က ပြောပါတယ်။

ဧပြီ -၅၊ ၂၀၂၆။မိုမို/People’s Spring

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံကို စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၂ဦးက ဝင်စစ်ဆေးတဲ့ ပုံစံသုံးပြီး ကျပ်သိန်း ၂ထောင်ကျော် ဓားပြတိုက်သွားတယ်လို့ ဒေသခံနဲ့ စက်ရုံဝန်းထမ်းအချို့က ပြောပါတယ်။

အဲဒီဖြစ်စဥ်ဟာ ဧပြီ ၃ရက် မနက်က ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ၈၉ ရပ်ကွက်၊ ကနောင် မင်းသားကြီးလမ်းမှာရှိတဲ့ NNNအထည်ချုပ် စက်ရုံမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ပိုက်ဆံက သိန်း ၂၆၀၀လောက်ပါသွားတယ်။တချို့သတင်းတက်နေတဲ့ အာရှနဂါးဆိုတာ မဟုတ်ဘူး။ဒါပေမယ့် ဝင်းထဲကပဲ အန်သုံးလုံး(NNN) စက်ရုံ။အထည်ချုပ်။လစာထုတ်ရက်ဆိုတော့ငွေတွေကများတယ်။ငွေရှိတဲ့ စက်ရုံရုံးခန်းထဲကို တိုက်ရိုက်ဝင်သွားတာ။အဲဒီအချိန်သူ့လိုင်းနဲ့သူပေးဖို့ငွေတွေကို အထုပ်အထုပ်ခွဲထားတာ”လို့ ဓားပြတိုက်မှုဖြစ်ပွားခဲ့တဲ့ စက်ရုံဝန်ထမ်းနဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်တစ်စီးနဲ့ နှစ်ဦးက စစ်ဝတ်စုံဖြစ်တဲ့ ပြောက်ကျားဝတ်စုံဝတ်ထားပြီး လက်နက်တွေပါကိုင်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

အခုဖြစ်စဥ်မတိုင်မီ လွန်ခဲ့တဲ့ ၃လဝန်းကျင်ကလည်း စက်ရုံကို အလုပ်သမားဦးစီးဌာနနဲ့ အတူ စစ်တပ်က လာရောက်စစ်ဆေးခဲ့ဖူးတာကြောင့် လုံခြုံရေးဝန်ထမ်းက အထင်မှားပြီး တံခါးဖွင့်ပေးခဲ့တာလို့လည်း ပြောပါတယ်။

“လုံခြုံရေးတွေကလည်း ပြောက်ကျားဝတ်စုံလက်နက်နဲ့ဆိုတော့ စစ်သားထင်ပြီးဂိတ်တံခါးအလွယ်တကူဝင်ခွင့်ပေးကြတယ်ဆိုလားပဲ။စက်ရုံစစ်ဆေးဖို့ပုံစံနဲ့ လာတာဖြစ်ရမယ်။နဂိုလည်း အဲလိုစစ်ဆေးရေးတွေလာဖူးနေကြဆိုတော့လေ”လို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။

ဒဂုံဆိပ်ကမ်း၊မထားစုရပ်ကွက်မှာ ဓာပြတိုက်သူတွေ အသုံးပြုတယ်လို့ ယုဆရတဲ့ ပြောက်ကျားအဝတ်အစားနဲ့ သေနတ်တုတွေကို ဧပြီ ၄ရက် ညနေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ရက်ကွက်နေပြည်သူအချို့ကတော့ စစ်တပ်နဲ့ သူ့လက်အောက်ခံပျူစောထီးတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဝန်ထမ်းတွေအတွက် လစာထုတ်ရက်ကို စက်ရုံဘက်က ရက်အပြောင်းအလဲလုပ်ထားပြီး ဘယ်နေ့ပေးမယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့လည်း NNN စက်ရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“တနလ်ာနေ့မှ ပေးမယ်ဆိုလားပဲ သိရတယ်။ကျန်တာတော့ ဘာမှ မပြောသေးဘူး။အိမ်လစာနဲ့ သကြန်ပိတ်ရက်နဲ့ဆို တော်တော်အဆင်မပြောဘူး”လို့ အဲဒီဝန်ထမ်းအခက်အခဲကို ရှင်းပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးတွေက ရွှေဆိုင်တွေ ဘဏ်တွေ နဲ့ နေအိမ်တွေထဲအထိ လက်နက်ပြ လုယက်၊ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ဒါပေမယ့် စက်ရုံတစ်ခု အခုလို ဓားပြတိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။