Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာစခန်းအနီး နေရာသုံးခုမှာ တိုက်ပွဲပြင်းထန်နေ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းအနီးက နေရာသုံးခုမှာ အခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

ဧပြီ−၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းအနီးက နေရာသုံးခုမှာ အခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ မတ်လဆန်းကစပြီး ပိတ်ဆို့ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေသလို (၂)မိုင်ခန့်အကွာမှာရှိတဲ့ ပဇီရွာနဲ့ ဂုတ်ကြီးကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။

” တိုက်ခိုက်မှုက ဆက်ပြင်းထန်နေတာပါ။ လေကြောင်းကတော့ အမြဲကြဲနေတာ။အခုက ပဇီနဲ့ ဂုတ်ကြီးနားအထိ တိုက်ပွဲတွေ ရှိနေတာ”လို့ မြေပြင်သတင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူလိုက်ပြီးတဲ့နောက် ဗျူဟာကို ဦးတည်တဲ့ အနီးကပ်စစ်ဆင်ရေး စတင်နေတာပါ။

စစ်တပ်ကလည်း နတ်ရေကန်ဗျူဟာစခန်းကနေ (၂)မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးကျေးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေလို့ AAနဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်တိုက်ခိုက်နေတာပါ။

နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးကျေးရွာတွေကို ‌AAနဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်ထားပါတယ်။

နတ်ရေကန်ဗျူဟာက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ စစ်တပ်က နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေတယ်လို့ သိရပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာမတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝ သေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)က ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွေမှာ AAနဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ CDF-Ashoနဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။

(နတ်​ရေကန် ဗျူဟာကို Google Earth မှမြင်​တွေရပုံနဲ့ ကမ္ဘာလုံးပုံအ​ဆောက်အအုံ ၊ဗျူဟာအတွင်းစစ်သား​အချို့ကို ​အောက်တိုဘာလက​တွေ့ရစဥ်။ဓါတ်ပုံ- Screen grab )

ဆက်စပ်သတင်းများ

သတင်း

စစ်တွေတိုက်ပွဲမှာစစ်တပ်ကရှေ့တိုးဖို့ကြိုးစားနေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့သာ ကြုံတွေ့နေ

သတင်း

နတ်ရေကန်တိုက်ပွဲမှာအထိနာနေပြီး လေကြောင်းပစ်ကူပေးနေရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာ​မော်တာ တစီးကို အာရက္ခတပ်တော်(AA)က ဒီနေ့ မနက်ပိုင်းမှာပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ် တွေက ပြောပါတယ်။

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

စစ်တွေမြို့အနီးဝန်းကျင်ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဆုံရာမှာ နေရာယူပြီး အရပ်သားလူနေကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောကြီး ၃ စီးကို အာရ က္ခတပ်တော်(AA)က ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။