Connect with us

Hi, what are you looking for?

သတင်း

တရုတ် အများစု အပါအဝင် ကျားဖြန့်ဂိုဏ်းသား ၁၅၂ ဦးကို သီရိလင်္ကာ ဖမ်းဆီး

တရုတ် ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတစ်ခုနဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားသား ၁၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သီရိလင်္ကာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတစ်ခုနဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားသား ၁၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သီရိလင်္ကာ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၃ ရက်နေ့က ဖမ်းဆီးရမိမှုမှာ ပါဝင်တဲ့ နိုင်ငံခြားသား အများစုဟာ တရုတ်တွေ ဖြစ်တယ်လို့လည်း သီရိလင်္ကာ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အာရှတောင်ပိုင်း ဒေသတွင်း ကျွန်းနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကိုလံဘိုကနေ ကီလိုမီတာ ၈၀ လောက် ကွာဝေးတဲ့ ကမ်းရိုးတန်းမြို့ ချီလော်မှာ အဲဒီ ကျားဖြန့်ဂိုဏ်းက အခြေချ လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ငွေလိမ်ဂိုဏ်းရဲ့ အဖွဲ့သားတွေကို နိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့အညီ ကိုင်တွယ်သွားမယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဖရက်ဒရစ် ဝုထ်လာက ပြောကြားခဲ့ပါတယ်။

ကျားဖြန့်ဂိုဏ်း တည်နေရာကို ရဲတွေက ဝင်စီးချိန်မှာ ထွက်ပြေးဖို့ ကြိုးစားရင်း ဒဏ်ရာရသွားတဲ့ တရုတ်နိုင်ငံသား ၂ ဦးကိုတော့ ဆေးရုံ တင်ပို့ထားရကြောင်း သိရပါတယ်။ ကျန်တဲ့ သံသယ ရှိသူ အားလုံးကိုတော့ မြို့ခံ တရားရုံးမှာ ရမန်ယူစေပြီး ဧပြီ ၉ ရက်နေ့ထိ ချုပ်နှောင်ထားမယ်လို့ ဆိုပါတယ်။ အဲဒီအတောအတွင်း သူတို့ကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျားဖြန့်လုပ်ငန်း လည်ပတ်နေတဲ့ နေရာကို သတင်းပေး တိုင်ကြားမှု တစ်ခုကြောင့် ရဲတွေက ရှာဖွေ စီးနင်းနိုင်ခဲ့တာလို့ သိရပါတယ်။ အဲဒီနေရာမှာ Laptop ကွန်ပျူတာ ၁၄၃ လုံး၊ စားပွဲတင် desktop ကွန်ပျူတာ အလုံး ၁၂၀၊ မိုဘိုင်းဖုန်း အလုံး ၃၇၀ ကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။

တရုတ်နိုင်ငံသား တစ်ဦးဟာ မြို့ထဲက ဟိုတယ် တစ်လုံးကို ပုတ်ပြတ်ငှားထားပြီး အဲဒီ တရားမဝင် လုပ်ငန်းတွေ လည်ပတ်နေတာလို့ ရဲတွေက ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ အမျိုးသမီး ၇ ဦး အပါအဝင် တရုတ်နိုင်ငံသား ၁၃၃ ဦး စာရင်းရထာပြီး ၁၃ ဦးကတော့ ဗီယက်နမ်တွေလို့ ဆိုပါတယ်။ သီရိလင်္ကာ အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ လတုန်းကလည်း အလားတူ ကျားဖြန့်လုပ်ငန်း တစ်ခုကို လည်ပတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၃၅ ဦးကို ဖမ်းဆီးခဲ့ဖူးပါတယ်။ သူတို့ကိုတော့ နယ်နှင်ဒဏ် ပေးခဲ့ပြီးပါပြီ။

ကိုလံဘိုမှာရှိတဲ့ တရုတ်သံရုံးကတော့ အခုဖမ်းဆီးရမိမှုတွေနောက်ပိုင်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်း လုပ်ဆောင်မှုတွေ ရှိနေပြီး တရုတ်နိုင်ငံသားတွေက သီရိလင်္ကာမှာ တရားမဝင် ကျားဖြန့်လုပ်ငန်းတွေ မထူထောင်နိုင်အောင် တားမြစ်ဖို့ ကြိုးစားနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သီရိလင်္ကာရဲ့ ကောင်းမွန်တဲ့ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ နည်းပညာတွေ၊ သင့်တော်တဲ့ ပထဝီဝင် အနေအထားနဲ့ ဗီဇာရယူဖို့ လွယ်ကူမှုတွေကြောင့် တချို့ ကျားဖြန့်လုပ်ငန်းတွေက ဒီနိုင်ငံဆီ ရွှေ့ပြောင်းလာနေကြတယ်လို့လည်း တရုတ် သံရုံးက ဆိုပါတယ်။ အကျိုးဆက်အဖြစ် သီရိလင်္ကာမှာ လတ်တလော အဲဒီလို ကျားဖြန့်ဂိုဏ်းတွေကို ဖော်ထုတ် ဖမ်းဆီးရမိမှုတွေ ပိုများလာတယ်လို့လည်း သံရုံး ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်တုန်းက သီရိလင်္ကာ နိုင်ငံရဲ့ အစိတ်အပိုင်းတချို့မှာ ကျားဖြန့်နဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှုတွေ ကျူးလွန်သူ တရုတ်နိုင်ငံသား ၂၃၀ နဲ့ အိန္ဒိယနိုင်ငံသား ၂၀၀ လောက်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။