ဧပြီ-၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ကို တမူးခရိုင်ကွပ်ကဲရေးကနေ ကားတစ်စီး ထောက်ပံ့ပေးလိုက်ပါတယ်။
NLAဟာ မတ်လ ၂၀ရက်မှာ MODအမှတ်(၁) စစ်ဒေသရဲ့ကွပ်ကဲမှုခံယူတာဖြစ်ပြီး တမူးခရိုင်အမှတ်(၆)တပ်ရင်းအဖြစ် ဖွဲ့စည်းထားပါတယ်။ ထောက်ပို့အဖြစ် အသုံးပြုဖ်ို့ ကားတစ်စီး ထောက်ပံ့ပေးတဲ့သတင်းကို တမူးခရိုင်ကွပ်ကဲရေးက ဒီနေ့ ဧပြီ ၈ရက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။
မကြာသေးမီကလည်း တမူးခရိုင်က PDF တပ်ရင်းတွေကို ပြည်သူလူထုက လှူဒါန်းတဲ့ ငွေတွေနဲ့ ကားတစ်စီးစီအပြင် ကျည်ကာနဲ့ Equipment တွေ တမူးခရိုင်ကွပ်ကဲရေးကပေးအပ်တပ်ဆင်ပေးခဲ့ပါတယ်။

Public Service Announcement
NLAက ကွပ်ကဲမှုမခံယူခင်အထိတမူးခရိုင်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)၊(၂)၊(၃)(၄)၊(၅) ဆိုပြီး တပ်ရင်း ၅ရင်းရှိပါတယ်။
အခုအခါမှာ NLAကို တပ်ရင်း(၆)အဖြစ် ဖွဲ့စည်းလိုက်တာမို့ တမူးခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၆)ရင်း ရှိလာပါတယ်။
အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်က ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
ဓာတ်ပုံ – တမူးခရိုင်


















































