Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးရဲဘော်တွေအတွက် ရှင်ပြုအလှူ တမူးခရိုင်အမှတ်(၂)တပ်ရင်း ပြုလုပ်ပေး

စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ကာကွယ်ရေးရဲဘော် ၁၂ဦးအတွက် ရှင်ပြုအလှူအပါအဝင် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့တယ်လို့ တမူးခရိုင်အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - တမူးခရိုင်အမှတ်(၂)တပ်ရင်း

ဧပြီ -၂၇၊၂၀၂၆။ ဇော်ရမ်း/People’s Spring

စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ကာကွယ်ရေးရဲဘော် ၁၂ဦးအတွက် ရှင်ပြုအလှူအပါအဝင် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့တယ်လို့ တမူးခရိုင်အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်တွေကို ရည်စူးပြီး တမူးမြို့နယ်မှာရှိနေတဲ့ စေတီအချို့ကို ရွှေသင်္ကန်းကပ်၊ ထီးတော်တင် အလှူပြုလုပ်ပေးတာမျိုးနဲ့ ရှင်ပြုနားသအလှူ ပေးခဲ့တာလို့ ဒီနေ့ ဧပြီလ၂၇ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို နိုင်ငံတစ်ဝှမ်းလုံးရှိတော်လှန်ရေးအတွင်းမြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်တွေနဲ့ တော်လှန်ပြည်သူတွေအားလုံး ထပ်တူထပ်မျှရစေကြောင်း တမူးခရိုင်အမှတ်(၂)တပ်ရင်းက ရဲဘော်တွေနဲ့ရဲမေတွေက ဆုတောင်းမေတ္တာပို့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တမူးမြို့နယ်ဟာ အိန္ဒိယနိုင်ငံနဲ့ ဆက်စပ်နေတဲ့မြို့ဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးအားကောင်းပြီး လူငယ်အများစုဟာ တော်လှန်ရေးမှာပါဝင်နေကြပါတယ်။

တမူးခရိုင်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တပ်ရင်း ၆ရင်း ရှိပါတယ်။တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နဲ့မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ဒီကနေ့မှာ ကျ‌ရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့​ရတဲ့ ရဲဘော်အချို့ရဲ့ ဗိမာန်တွေဆီ သွားပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိဘတွေကိုလည်း သွားရောက်ကန်​တော့ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်နဲ့လုံခြုံရေးဂိတ်တွေကို ဧပြီ ၃၀ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့ ကွပ်ကဲမှုခံယူတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)ကို တမူးခရိုင်ကွပ်ကဲရေးကနေ ကားတစ်စီး ထောက်ပံ့ပေးလိုက်ပါတယ်။