Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမှာ ဆီသိုလှောင်ခြံ မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ဆီသိုလှောင်ခြံဝန်းတစ်ခြံမှာ ဒီနေ့ (ဧပြီ ၈) မနက်ပိုင်းက တစ်နာရီနီးပါးကြာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

ဧပြီ – ၈ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ဆီသိုလှောင်ခြံဝန်းတစ်ခြံမှာ ဒီနေ့ (ဧပြီ ၈) မနက်ပိုင်းက တစ်နာရီနီးပါးကြာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

ရွှေစက်ရပ်ကွက်၊နယ်မြေ (၁)မှာဒီနေ့ မနက် ၈ နာရီခွဲလောက်မှာမီးစလောင်တာဖြစ်ပြီး တစ်နာရီနီးပါးအကြာမှာမီးငြိမ်းနိုင်ခဲ့တယ်လို့ မီးသတ်က လည်းထုတ်ပြန်ထားပါတယ်။

မီးလောင်မှု အကြောင်းရင်းကိုတော့မဖော်ပြထားပါဘူး။

Public Service Announcement

Public Service Announcement

“မီးအားကအတော်ပြင်းတယ်ဘယ်သူမှအနားသိပ်မကပ်ရဲဘူး”လို့ မြစ်ကြီးနာမြို့ခံအမျိုးသားက ပြောပါတယ်။

မီးလောင်မှုအတွင်းပေါက်ကွဲသံတွေကြားခဲ့ရပြီး ဆီဘောက်ဆာကားတွေကတဆင့် မီးစတင်လောင်ကျွမ်းတာလို့ မြို့ခံ က အသိပေးပါတယ်။

အဲဒိီမီးလောင်ကျွမ်းမှုအတွင်း ဆီဘောက်ဆာကား သုံးစီး မီးထဲပါသွားပြီး အဆောက်အဦးတချို့လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။