Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့မှာ လေကြောင်းရန်သတိပြုပြီး သင်္ကြန်ရေကစားကြဖို့ ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ သင်္ကြန်ကာလ ရေကစားကြမယ့်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအစဥ်တွေထားရှိဖို့နဲ့ ခိုက်ရန်မဖြစ်စေချင်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

ဗန်းမောက်မြို့ကို ၂၀၂၅ ဒီဇင်ဘာ ၁၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ သင်္ကြန်ကာလ ရေကစားကြမယ့်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအစဥ်တွေထားရှိဖို့နဲ့ ခိုက်ရန်မဖြစ်စေချင်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထိန်းချုပ်ထားတာဖြစ်ပြီး လေကြောင်းရန်ကြောင့် ပြည်သူတွေထိခိုက်မှာစိုးရိမ်လို့ သင်္ကြန်ပွဲတော်မကျင်းပတာလို့ ဧပြီ၁၄ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG အစိုးရအနေနဲ့ သင်္ကြန်ပွဲတော်ကို စစ်ကောင်စီထက်သာအောင် ပြုလုပ်ပေးနိုင်ပေမယ့် လေကြောင်းရန်ကြောင့် အများပြည်သူ နှစ်နာမှာစိုးရိမ်လို့ မလုပ်ပေးခြင်းဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေအနေနဲ့ သင်္ကြန်ပွဲတော်ကို ကိုယ့်အစီအစဥ်နဲ့ ပြုလုပ်မယ်ဆိုပါက လေကြောင်းရန်ကာကွယ်ရေးအစီအစဥ်တွေ ထားရှိဖို့အပြင် နေ့လည် ၁၂နာရီကနေ ညနေ ၃နာရီအတွင်း ရေမပက်ကြ​‌စေလိုကြောင်းနဲ့ ခိုက်ရန်ဒေါသ မဖြစ်စေချင်ကြောင်း တိုက်တွန်းထားပါတယ်။

ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၅ စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့တာပါ။ စစ်ကောင်စီက ရှမ်းနီတပ်(SNA)နဲ့ ပြည်သူ့စစ်အကူအညီနဲ့ စစ်ကြောင်းပြန်ထိုးနေပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေပါတယ်။

စစ်ကောင်စီက လေကြောင်းကနေလည်း မကြာခဏဗုံးကြဲနေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကိုင်းတိုင်းအတွင်း ဗန်းမောက်၊အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ရွှေပြည်အေး၊ မြို့သစ်နဲ့ ခမ်းပါတ်မြို့တွေကို ထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။