Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်ကာလအတွင်း ဖာပွန်ကို နေ့စဉ်နီးပါး ဗုံးကြဲ တိုက်ခိုက်နေ

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဧပြီ – ၁၆ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် ည ၁၀ နာရီခန့်က မူတြော်(ဖာပွန်)ခရိုင်၊တပ်မဟာ (၅)နယ်မြေက ကောလိပ်ကျောင်းတစ်ကျောင်း နဲ့ အထက် တန်းကျောင်း တစ်ကျောင်း ဗုံးကြဲခံရပြီး အဆောက်အဦးတွေ ထိခိုက်ကုန်တယ််လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU လက်အောက်ခံ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)ကလည်း ဧပြီလ ၁၄ရက်က ဖာပွန်ခရိုင် ၊ မူတြော်ဂျူနီယာကောလိပ်(MTJC) လေကြောင်းတိုက်ခိုက်ခဲ့ရပြီး ထိခိုက်ပျက်စီးမှုကို မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အနီးအနားရှိ ကျေးရွာတွေကိုလည်း ဗုံးကြဲရာမှာ လူထိခိုက်မှုမရှိပေမယ့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် နေ့ခင်း ၃ နာရီအချိန်မှာ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ဟဲပါကျေးရွာအုပ်စု၊ ဟဲပါရွာကို တိုက်လေ ယာဉ် နှစ်စီး ၊ Y -12 နှစ်စီးတို့နဲ့ ဗုံးကြဲတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးပြီး အရပ်သား လေးဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

“ရွာလုံးကျွတ်မီးလောင်သွားတယ်လေ၊ အိမ်ခြေအနည်းအကျဉ်းပဲကျန်တယ်၊ မီးလောင်သွားတာများတယ်လေ” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဒီနေ့ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း ဟဲပါရွာထဲကို ထပ်မံဗုံးကြဲတယ်လို့သိရပါတယ်။

သင်္ကြန်မတိုင်ခင်ရက်ပိုင်းတွေကလည်း ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းအဆောက်အဦးနှစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။