Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းကြည်သတင်း အစအနမရ​သေးဘူးလို့ ဦးမျိုးညွှန့်​ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမျိုးစုံထွက်​နေ​ပေမယ့် တရားဝင်သတင်း ဘာမှ မသိရ​သေးဘူးလို့ NLD ပါတီ​ပြော​ရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က​ပြောကြားပါတယ်။

လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ-File Photo

ဧပြီ-၁၇၊၂၀၂၆ ။​သော်မွန်၊ရဲ​ခေါင်/People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမျိုးစုံထွက်​နေ​ပေမယ့် တရားဝင်သတင်း ဘာမှ မသိရ​သေးဘူးလို့ NLD ပါတီ​ပြော​ရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က​ပြောကြားပါတယ်။

“ကျွန်တော်တို့လုံးဝကို မသိရသေးဘူး(ဒေါ်အောင်ဆန်းစုကြည်ကိစ္စ)ဘယ်မှာရောက်နေလဲ သတင်းအစ အနတောင်မရပါဘူး။နဂိုအနေအထားအတိုင်းပဲလို့ ယူဆရတယ်” လို့ ဦးမျိုးညွှန့်က​ပြောပါတယ်။

ဒါအပြင်NLD သဘာပတိ ဦးဝင်းထိန်ပြန်လွတ်တယ်လို့လည်းဖုန်းသတင်းသာကြားရပြီး လူကိုယ်တိုင်​တွေ့ပြီးအတည်မပြုနိုင်​သေးဘူးလို့ဆင်​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

“ဖုန်းသတင်းပေါ့ဗျာ။အန်ကယ်ဥိးဝင်းထိန်လွတ်တယ်ကြားပါတယ်။ကျန်တဲ့ဟာတွေတော့ သတင်းတွေတခုမှ မကြားရသေးပါဘူး။”လို ဒီချုပ်​ပြော​ရေးဆိုခွင့်ရှိသူက​ပြောပါတယ် ။

လူထု​ခေါင်း​ဆောင်နဲ့ပါတီ​ခေါင်း​ဆောင်​တွေအ​ခြေအ​နေသိရဖို့​နေပြည်​တော်ကိုသွား​နေတယ်လို့လည်း ဦးမျိုးညွှန့်ကဆက်​ပြောပါတယ် ။

“သမ္မတကြီးကျန်းမာရေးက ကောင်းပါတယ်။စိတ်ကိုလူရော ကျန်းကျန်းမာမာနဲ့ပါ။”လို့သမ္မတဦးဝင်းမြင့်ရဲကျန်းမာ​ရေးအ​ခြေအ​နေကို​ပြောပါတယ် ။

ဒါ​ကြောင့် ကနဦးသတင်း​ဖော်ပြချက်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်​နေအိမ်သို့ စစ်တပ်က ပို့မယ်လို့သိရ​တယ်လို့ NLD ပါတီဘက်ကသတင်းရင်းမြစ်ပြောတဲ့သတင်းကိုပြင်ဆင်
ဖတ်​ရှူ​ပေးဖို့ ​​မေတ္တာရပ်ခံအပ်ပါတယ် ။ အလားတူ NLD ဝန်ကြီးချုပ် ၄ ဦးပြန်လွတ်တယ်ဆိုတဲ့သတင်း​တွေဟာလည်း သတင်းရင်းမြစ်​တွေက​ပြော​ပေမယ့် အတည်မပြုနိုင်​သေးပါဘူး။

“ကျွန်တော်တို့က နေပြည်တော်အထိလာပြီး မျှော်လင့်စောင့်ဆိုင်းတာပေါ့လေ။ကျွန်တော်တို့ခေါင်းဆောင်တွေကို တွေ့မယ်။ကျွန် တော်တို့အခြေအနေတွေကို တင်ပြမယ်။ဒီအခြေအနေပေါ်မှာ ဆွေးနွေးလို့ရရင် ဆွေးနွေးပြီး ရှေ့ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်တွေ ချဖို့ပါ။”လို့ဦးမျိုးညွှန့်ကဆက်​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။