Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်လေးရက်အတွင်း KNU တပ်မဟာ(၅)နယ်မြေကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၆ဦး သေဆုံး၊ ၁၃ဦး ဒဏ်ရာရသေဆုံးထိခိုက်သူထပ်များနိုင်ဟု တပ်မဟာ(၅) တာဝန်ရှိသူပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

(KNU တပ်မဟာ(၅)မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမြင်ကွင်းများ။ ဓာတ်ပုံ - KNU)

ဧပြီ-၁၇၊ ၂၀၂၆။ ရွက်ဝါ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

ဒါအပြင် သေဆုံးထိခိုက် အရေအတွက်ထပ်တိုးနိုင်တယ်လို့လည်း ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၃ရက်သင်္ကြန်အကြိုနေ့ကနေ စတင်ပြီး ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့အထိ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အခြေအနေကို ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ဒီကနေ့ ဧပြီ ၁၇ရက်မှာ အသိပေးပြောပြတာဖြစ်ပါတယ်။

” သင်္ကြန်အကြိုနေ့ကစပြီးတော့မှ သူတို့ လာပြီးတော့မှ တပ်မဟာ(၅) ဧရိယာ အတွင်းမှာ တော်တော်များများ ကျေးရွာတွေလာပြီးတော့ ဗုံးကြဲတော့ ပျက်စီးဆုံးရှုံးမှုတော့ရှိတာပေါ့နော်။ထိခိုက်ဒဏ်ရာရရှိ သေဆုံးတာတို့ကတော့ တကန့်ပေါ့။ ပျက်စီးဆုံးရှုံးမှုက အဆောက်အဦးတို့ ဘာတို့ ပျက်စီးတာ အများကြီးရှိတယ်”လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဧပြီ ၁၃ရက်အကြိုနေ့မှာ ကျေးရွာသား ထိခိုက်သေဆုံးမှုရှိကြောင်း၊ ဧပြီ ၁၄ရက် ဗုံးကြဲမှုမှာ ဗုံးသီးအလုံး ၁၀၀ ခန့်ကြဲချခဲ့၍ အဆောက်အဦးများစွာ ပျက်စီးခဲ့ကြောင်း ရှင်းပြပါတယ်။ ဧပြီ ၁၅ရက်မှာလည်း ဖာပွန်ခရိုင် ခဲပါထကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့လို့ ပြည်သူလူထု သေဆုံးထိခိုက်များခဲ့တယ်လို့ အသိပေးပါတယ်။ ဧပြီ ၁၅ရက် တိုက်ခိုက်မှုမှာ ပြည်သူလူထု ၄ဦးသေဆုံးကာ၁၃ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဧပြီ ၁၆ရက်မှာလည်း စစ်တပ် လေကြောင်းဗုံးကြဲခဲ့ပေမယ့်အထိအခိုက် အရေအတွက် မသိရသေးဘူးလို့ အသိပေးပါတယ်။

” အဲဒီကာလမှာ ဒေသတွင်းမှာ တိုက်ပွဲတွေ ဖြစ်တာတော့ မရှိဘူး။ ဘယ်နေရာမှ မရှိဘူး။ သူတို့က အဲဒီနေ့ အဲဒီရက်တွေအတွင်းမှာတော့ လူထုကိုပဲ သပ်သပ် တိုက်ခိုက်တဲ့ သဘောပဲ”လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

သင်္ကြန် ၄ရက်တာ အတွင်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆ဦး၊ ဒဏ်ရာရ ၁၃ဦး ရှိတယ်လို့ ရှင်းပြပါတယ်။

” အဲဒါလည်း အတိအကျ အတည်ပြုလို့မရသေးဘူး။ မနေ့က ထိတာ လူတွေ ပြန်စုလို့မရသေးဘူး ပြန်ရှာလို့မတွေ့သေးဘူး အဲဒီလိုဖြစ်နေတယ်။ ဒီထက်ပိုများနိုင်တယ်လို့ သူတို့က အဲဒီလိုပြောတယ်” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်ခရိုင်မှာ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေကို တော်လှန်ရေးတပ်တွေဘက်က ရပ်နားထားပေမယ့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ သင်္ကြန်အပြီး မှာတော့ တော်လှန်ရေးဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပြန်ရှိလာနိုင်တယ်လို့လည်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။