Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပျူစောထီးခြံဝင်းထဲ သပြေပန်းသွားခူးတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေတစ်ဖက်ဖြတ်ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ကျေးရွာမှာ ပျူစောထီးတစ်ဦးနေခဲ့တဲ့ခြံဝင်းအတွင်း သပြေပန်းဝင်ခူးခဲ့မိတဲ့ အသက်(၆၀) ကျော် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေတစ်ဖက်ဖြတ်လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးတွေကြီးစိုးရာ တောပုရွာအဝင် ဓာတ်ပုံ-ဒေသခံ

​ဧပြီ-၁၉၊ ၂၀၂၆။ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ကျေးရွာမှာ ပျူစောထီးတစ်ဦးနေခဲ့တဲ့ခြံဝင်းအတွင်း သပြေပန်းဝင်ခူးခဲ့မိတဲ့ အသက်(၆၀) ကျော် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေတစ်ဖက်ဖြတ်လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၁၉ ရက် နေ့လယ်ပိုင်းက မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာနေ အသက်(၆၀) ကျော်အရွယ် ဒေါ်မြို့ရှင်ဟာ တစ်ရွာတည်းမှာရှိတဲ့ ပျူစောထီးတစ်ဦးရဲ့ခြံထဲကို သပြေပန်းဝင်ခူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ခြံဝင်းထဲမှာထောင်ထားတဲ့ မြေမြှုပ်မိုင်းကိုနင်းမိကာ ပေါက်ကွဲပြီးနောက် ဒဏ်ရာပြင်းထန်တာကြောင့် ခြေတစ်ဖက်ဖြတ်ပစ်လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီသပြေခြံဟာ ယခင်က ပျူစောထီးအဖွဲ့ဝင်တစ်ဦး နေထိုင်ခဲ့တဲ့ အိမ်ဝင်းအတွင်းမှာရှိပြီး ၎င်းပျူစောထီး သေဆုံးသွားပြီးနောက်ပိုင်း လူသူမရှိတော့တဲ့ နေရာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“အဲ့နေရာက တော်လှန်ရေးအဖွဲ့တွေနဲ့ ပျူတွေ ခဏခဏ တိုက်ပွဲဖြစ်လေ့ရှိတဲ့နေရာ။ ဒေါ်မြို့ရွင် က အဲ့လူမနေတော့တဲ့ အိမ်မှာ သပြေခြံရှိတယ်။
အဲသပြေခြံထဲက သပြေပန်း သွားခူးရင် မြေမြှုပ်မိုင်းနင်းမိတာ။”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

တောပုကျေးရွာက ပျူစောထီးတွေဟာ လမ်းပိုင်းကင်းယူတဲ့အခါတိုင်း ပုရစ်ကုန်းတောင်ရွာအတွင်းနဲ့ ကားလမ်းဘေးတွေမှာ နေ့ညမပြတ် လာရောက်တပ်စွဲလေ့ရှိကြောင်း၊ ထိုသို့ လာရောက်စဉ်အတွင်း တော်လှန်ရေးအဖွဲ့တွေကို ထိခိုက်စေဖို့အတွက် ယခုကဲ့သို့ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာ-ချောင်းဦး ကားလမ်းဘေးမှာရှိတဲ့ ပုရစ်ကုန်းတောင်ရွာနဲ့ (၁)မိုင်ခန့်ဝေးတဲ့ တောပုပျူရွာတို့အကြားမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

​စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတွေမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲသွားတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ကျန်နေတတ်လို့ ဒေသခံပြည်သူတွေဟာ အထူးသတိပြုသွားလာနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook