Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးတောင်းဆို

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုသလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တာ့ခ်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ-wekimedia

ဧပြီ-၁၉၊၂၀၂၆။People’s Spring

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုသလမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တာ့ခ်က တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ နှစ်ဆန်းပိုင်းမှာ စစ်တပ် အာဏာသိမ်းချိန် ကတည်းက ဖမ်းဆီး ခံထားရပြီး မတရား ပုဒ်မအမျိုးမျိုးအောက်မှာ အကျဉ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ထဲက ၄ နှစ်ခွဲကို လျှော့ချပေးကြောင်း ဧပြီ ၁၇ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပေမယ့်ဒေါ်အောင်ဆန်းစုကြည်ကိုတော့ပြစ်ဒဏ်တစ်စိတ်တစ်ပိုင်းလောက်သာ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်အစား နေအိမ်အကျယ်ချုပ်အဖြစ် ပြစ်ဒဏ်ပြောင်းလဲ ကျခံရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ဦးဆောင်ပြယုဂ်အဖြစ်သတ်မှတ်ခံရတဲ့ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရဆီက စစ်တပ်က အဓမ္မ အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာနိုင်ငံဟာ ဆိုးရွားတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်တွင်းစစ်မီးလည်း အပြင်းအထန် တောက်လောင်လာခဲ့ပါတယ်။

တာ့ခ်ကတော့ အခုအခါ အသက် ၈၀ ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လူမှုကွန်ရက် မီဒီယာ Xကနေ တောင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းမှုကတည်းက မမျှမတ ဖမ်းဆီးခံထားရသူ အားလုံးကို ချက်ချင်း၊ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း သူက ရေးသားခဲ့ပါတယ်။ မြန်မာပြည်သူတွေအပေါ် အတောမသတ်နိုင်တဲ့ အကြမ်းဖက်မှုတွေလည်း ရပ်တန်းကရပ်ဖို့ လိုနေပြီလို့တာ့ခ်က ဆိုပါတယ်။

သူက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ တခြား တရားလက်မဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား​တွေ ပြန်လွတ်လာတဲ့ အတွက်တော့ စိတ်သက်သာရာ ရမိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကလည်း ဂူတာရက်စ် အနေနဲ့ မြန်မာနိုင်ငံမှာ မတရား ထိန်းသိမ်းခံထားရသူအားလုံး ပြန်လည် လွတ်မြောက်နိုင်ရေးအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အားထုတ်မှုတွေ တွေ့မြင်လိုနေကြောင်း ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုစတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တပ်က ထောင် ၂၇ နှစ် ချမှတ်ထားပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ဒါဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်အပေါ် နိုင်ငံရေးအရ လုပ်ကြံ အပုပ်ချမှု သက်သက်သာဖြစ်ကြောင်း ဝေဖန်ထားကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။