Connect with us

Hi, what are you looking for?

သတင်း

ဓနုဖြူမြို့မဈေး မီးလောင်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မဈေးမှာ မီးလောင်မှုဖြစ်ပြီး ဈေးရုံကြီးတွေ အပါအဝင် ဈေးဆိုင်တော်တော်များများ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

ဧပြီ-၂၅၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မဈေးမှာ မီးလောင်မှုဖြစ်ပြီး ဈေးရုံကြီးတွေ အပါအဝင် ဈေးဆိုင်တော်တော်များများ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

“ပရဆေး ရုံနဲ့ ဈေးရုံကြီးနှစ်ရုံ မီးလောင်ပြာကျ ။ ဆုံးရှူံးမှုများပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့(ဧပြီ ၂၅) နံနက် ၆နာရီကျော်မှာ မီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး ၈နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကို မီးသတ်တွေအပါအဝင် ပြည်သူတွေလည်း ပူးပေါင်းမီးငြှိမ်းသတ်ခဲ့တာကြောင့် နေအိမ်တွေကို မကူးခဲ့တာလို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

“အထည်ရုံပဲကျန်မယ်။ ပရဆေး ရုံဘက်က‌စလောင်တယ်လို့တော့ကြားတယ်” လို့ ဆိုပါတယ်။

မီးလောင်သွားတဲ့ ဈေးရုံတွေက နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှု အ‌ကြောင်းရင်းနဲ့ ဆုံးရှူံးမှုတန်ဖိုးကိုတော့ မီးသတ်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒေသခံတစ်ဦးကတော့ ဒီနေ့က ဈေးပိတ်ရက်ဖြစ်သလို မီးလောင်မှုဖြစ်ချိန်မှာလည်း လျှပ်စစ်မီး ဝါယာရှော့ကြောင့် မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။

ဓာတ်ပုံ – Kyaw Thuya

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖိနပ်စက်ရုံ မီးလောင်ရာက လူ ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။