Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့ပေါ်က စစ်ရှောင်စခန်းတွေဆီပို့မယ့် မူးယစ်ဆေးဝါးတွေသယ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို AAဖမ်းဆီး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

(AAဖမ်းမိထားတဲ့ မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦး။ ဓာတ်ပုံ - APM)

‌ဧပြီ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၂၀မိနစ်ခန့်မှာ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ AA ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

” ဘင်္ဂလားဘက်ကနေ ထွက်လာတာလို့ကြားတယ်။ သူတို့က စစ်တွေ မြို့ပေါ်အထိ သွားမှာလို့ ကြားတယ်။ တပ်တော်က ပင်လယ်မှာ လုံခြုံရေးကင်းလှည့်ရင် ဖမ်းမိတာ”လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆေးခြောက်တွေတင်လာတဲ့ အဲ့ဒီစက်လှေက ပင်လယ်မှာ စက်ပျက်နေလို့ ကျောက်ချရပ်နားထားတာပါ။ AA ကမ်းခြေစောင့်တပ်ဖွဲ့က စစ်ဆေးနေစဉ် နောက်ထပ်စက်လှေတစ်စီး ရောက်လာလို့ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စက်လှေပေါ်ကနေ ဆေးခြောက်တွေအပြင် အရေပြားရောဂါ လူလိမ်းဆေး ၂အိတ်၊ သန္ဓေသားတားဆေး ၂ အိတ်လည်း ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိထားသူ ၁၁ဦးမှာ အမျိုးသမီတစ်ဦး ပါတယ်လို့ ဒေသအခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

စစ်တွေမြိုပေါ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး AAက ဘေးပတ်ဝန်းကျင်ကနေ တိုက်ပွဲဖော်ဆောင်နေပါတယ်။ အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့‌ပေါ်က စစ်ရှောင်စခန်းတွေဆီ ပို့မှာလို့သိရကြောင်း AAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

AAက မူးယစ်ဆေးဝါးနဲ့ပတ်သက်နေကြောင်း စစ်ကောင်စီက မကြာခဏဝါဒဖြန့်နေပြီး စစ်ကောင်စီကသာ မူးယစ်ဆေးမှု၊ ကျားဖြန့်လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတာလို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။