Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေလွတ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်နဲ့ DCI Group ပူးပေါင်းဆောင်ရွက်မှုကို JFM ရှုတ်ချ

မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ DCI Groupရဲ့ လုပ်ရပ် ကို ရှုတ်ချကြောင်း နဲ့ အမေရိကန်အပါအဝင်ပြည်ပနိုင်ငံများအနေနဲ့ စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ Justice For Myanmar – JFM က တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - JFM

မေ-၇၊၂၀၂၆။တေဇ/People’s Spring

မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ DCI Groupရဲ့ လုပ်ရပ် ကို ရှုတ်ချကြောင်း နဲ့ အမေရိကန်အပါအဝင်ပြည်ပနိုင်ငံများအနေနဲ့ စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ Justice For Myanmar – JFM က တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ DCI Group က အမေရိကန်ဒေါ်လာသုံးသန်းတန်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ရော်ဂျာစတုန်းကို အကြံပေးအတွက် ငှားရမ်းခဲ့တာကို ဧပြီ ၂၉ ရက်မှာ တင်သွင်းခဲ့တဲ့ အမေရိကန်နိုင်ငံ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းအရသိရတယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။

“ရော်ဂျာစတုန်းနဲ့ ညှဉ်းပန်းနှိပ်စက်သူတွေအတွက် လော်ဘီလုပ်ပေးနေတဲ့ DCI Group က တခြားအဖွဲ့သားတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့၊ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်အုပ်စုဆီကနေ အကျိုးအမြတ်တွေ ရရှိနေပါတယ်။” လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရော်ဂျာစတုန်းကအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်နေတဲ့ အတုအယောင် အရပ်သား အစိုးရ အမည်ခံ အဖွဲ့အစည်းကို အမေရိကန် အစိုးရနဲ့ ပြန်လည်သင့်မြတ်ပေးနိုင်အောင် ကူညီပေးဖို့ အဓိက တာဝန်ယူနိုင်ပြီး သူ့ရဲ့ဝန်ဆောင်မှုအတွက် စစ်တပ်ဆီကနေ တစ်လကို ဒေါ်လာ ၅၀၀၀၀ အထိရရှိမယ်လို့ သိရပါတယ်။

ရော်ဂျာစတုန်းက အမေရိကန်ရွေးကောက်ပွဲမှာရုရှားစွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးရာမှာ စွက်ဖက်ဖို့ ကြိုးစားခဲ့တာ၊လွှတ်တော်ကြားနာမှုတွေမှာ လိမ်လည်ထွက်ဆိုတာ၊ တရားစီရင်မှုတွေကို နှောင့်ယှက်တာ၊ သက်သေတွေကိုခြိမ်းခြောက်တာဆိုတဲ့ရာဇဝတ်ပြစ်မှု ၇ ခုအတွက် ပြစ်မှုထင်

ရှားကြောင်းစစ်ဆေးတွေ့ရှိခဲ့တာ‌ကြောင့် ထောင်ဒဏ် လပေါင်း ၄၀ ချမှတ်ခံရပေမယ့် သမ္မတထရမ့်က အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။

ဝါရင့်ရီပတ်ဘလစ်ကန် ပါတီဝင်တဦးဖြစ်တဲ့

စတုန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ ကတည်းက ထရမ့်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ လော်ဘီ လောကမှာ လှည့်

စားတတ်တဲ့လူညစ်လို့ နာမည်ပြောင် ရထားတဲ့ စတုန်းဟာ ၂၀၁၆ ရွေးကောက်ပွဲ အစောပိုင်းကာလတွေတုန်းက ထရမ့်ရဲ့ မဲဆွယ်ရေး အကြံပေး တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့ပါတယ်။

“ရော်ဂျာစတုန်းဟာ ဒီနိုင်ငံတကာရာဇဝတ်ကောင်တွေနဲ့ စာချုပ်မှာ ပါဝင်လာခဲ့ပါပြီ။ ဒါဟာ စစ်အုပ်စုက တရားမဝင်သိမ်းပိုက်ထားပြီး စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို တိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ ငွေကြေးထောက်ပံ့ရာမှာ အသုံးပြုနေတဲ့၊ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သဘာဝသယံဇာတကဏ္ဍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။” လို့ မရတနာမောင်က ထောက်ပြထားပါတယ်။

၂၀၂၅ မှာချုပ်ဆိုခဲ့တဲ့ DCI Group နဲ့ စစ်တပ်ရဲ့ ကြားက သဘောတူစာချုပ်က အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ ရှောင်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး စစ်တပ်က သွေးစွန်းငွေတွေနဲ့ လော်ဘီတွေငှားတဲ့ လုပ်ရပ်အပါအဝင် ဟာကွက်‌ဖြစ်နေတဲ့ အရာတွေကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျ နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့ JFM ကတောင်းဆိုထားတာပါ။

‌စစ်တပ်က ၂၀၂၁ မှာ အာဏာသိမ်းခဲ့တာကြောင့် အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတာပါ။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက မျက်နှာ

သာပေးမှုကို ရရှိဖို့ အာဏာရှင်တွေက လော်ဘီတွေ ငှားရမ်း အသုံးပြုတာဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အာဏာသိမ်းပြီး အစောပိုင်း ကာလတွေတုန်းက စစ်တပ်ဟာ Dickens & Madson ဆိုတဲ့ကနေဒါလော်ဘီကုမ္ပဏီကိုဒေါ်လာ ၂ သန်းနဲ့ ငှားရမ်းခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

Facebook