Connect with us

Hi, what are you looking for?

သတင်း

“အဆွေးဆုံး နှလုံးသားရဲ့တေးများ”

ညအမှောင်ဟာ ပျိုးပျိုးပျက်ပျက် မီးရောင်အောက်မှာငြိမ်းချမ်းစွာ ရှိနေတယ်။ အသက် ၂၄ နှစ်အရွယ်ကောင်မလေးနဲ့ အသက် ၂၅ အရွယ် ကောင်လေးဟာအမှောင်ထုထဲမှာ လက်တွဲလမ်းလျှောက်ရင်း တယောက်ခါး တယောက် မလွတ်တမ်း ဖက်ထားကြမယ်။ အချစ်ဆိုတဲ့ နယ်ပယ်ကို ကျယ်ပြန့်အောင် တည်ဆောက်ရဲကြသူတွေရဲ့ အရွယ်ပဲပေါ့။

■ ဆူးနတ်သန်

ညအမှောင်ဟာ ပျိုးပျိုးပျက်ပျက် မီးရောင်အောက်မှာငြိမ်းချမ်းစွာ ရှိနေတယ်။ အသက် ၂၄ နှစ်အရွယ်ကောင်မလေးနဲ့ အသက် ၂၅ အရွယ် ကောင်လေးဟာအမှောင်ထုထဲမှာ လက်တွဲလမ်းလျှောက်ရင်း တယောက်ခါး တယောက် မလွတ်တမ်း ဖက်ထားကြမယ်။ အချစ်ဆိုတဲ့ နယ်ပယ်ကို ကျယ်ပြန့်အောင် တည်ဆောက်ရဲကြသူတွေရဲ့ အရွယ်ပဲပေါ့။

အချိန်ဟာ ငယ်ရွယ်နုပျိုမှု အတွေးအခေါ်တွေနှလုံးသားကို တိုက်စားဖြတ်နင်းတတ်တဲ့ ရက်စက်သူပဲ။ ဒါမှမဟုတ် အချိန်ဟာ နည်းလမ်းကျတဲ့ သဘာဝပါ။ ၅ နှစ် ကုန်လွန်သွားတဲ့ ၂၉ နှစ်အရွယ် မိန်းမတယောက်နဲ့ ၃၀ အရွယ် ယောက်ျားတယောက်ဟာ အမှောင်ထုထဲ လက်တွဲ လမ်းလျှောက်ဖို့ မပြုမူတော့ဘဲ လက်ဖက်ရည် ခပ်ကျကျ ဖျော်တတ်တဲ့ဆိုင်မှာ ချောင်ကျကျ စားပွဲကို ရွေးမယ်။ ဘဝအကြောင်း လေးလေးနက်နက် ပြောတော့မယ်။ လူတွေအကြောင်း စဉ်းစားချင့်ချိန်ပြီး ပြောမယ်။ တကယ်ချစ်တဲ့သူကို လက်ထပ်ဖို့ထက် ကိုယ့်အတ္တနဲ့ ကိုယ့်လူမှုအသိုင်းဝိုင်းနဲ့ အဆင်ပြေသူကို လက်ထပ်ဖို့ ရွေးချယ်တော့မယ်။ အသက်လတ်ပိုင်းဟာ သိပ်ရှုပ်ထွေး မခံချင်တဲ့ လူ့ဗီဇပေါ်လာတာပါပဲ။

အကို စီးပွားရေးတခု လုပ်နေတယ်။ ကုမ္ပဏီအသေးစားလေးပါပဲ။ ဝန်ထမ်း လေးငါးယောက်နဲလည်ပတ်ထားရုံနဲ့ အဆင်ပြေ‌ပြေ ရပ်တည်လို့ရတဲ့ စီးပွားရေးပေါ့လေ။ ငေးငေးရီရီ ပုံစံက ပိုပေါ်လွင်လာတယ်။ စီးပွားရေးသမားဖြစ်ဖို့က သူ့ဆန္ဒမဟုတ်ဘူးလို့ ကျ​နော့်ကို တပ်အပ်ဝန်ခံနေတာလား။ အကို တကယ်ပဲ စီးပွားရေးသမား ဖြစ်ချင်လို့လားလို့ ကျ​နော် စကားထောက်လိုက်ချင်ပါတယ်။ ဒါပေမဲ့ အသိဉာဏ်ဆိုတာ ကိုယ်တိုင် တူးဖော်ရတာ သိမြင်ရတာပဲ။ ကိုယ်တိုင်ကြုံတွေ့ သိမြင်ရတဲ့ အခြေအနေကို အကို ရင်ဆိုင်သင့်တယ်လို့ ယူဆတယ်။

Public Service Announcement

Public Service Announcement

ကျ​နော်က အကို့ဘဝရဲ့ အခန်းကဏ္ဍတွေထဲ ဖြတ်သွားဖြတ်လာ ဧည့်သည်ထက် နည်းနည်းလေး ပိုရုံပါပဲ။ အရင်လောက် မိုက်ရူးရဲ မဆန်ကြတော့တာက နှစ်ယောက်လုံးကို အချိန်က သင်ကြားခံလိုက်ရလို့ပါပဲ။ တခါတခါလည်း အသက်လတ်ပိုင်းရဲ့ အချစ်ကို ဘာလို့ ဖြူစင်အောင် ထားချင်ခဲ့လဲ တွေးချင်ပါတယ်။နှစ်ယောက်လုံးမှာ ပိုင်းဖြတ်ထားမှု တိကျလာတော့လည်း အပြောင်းအလဲ တခုခု လုပ်မိရင် အပြစ်ဒဏ်ပိုကြီးသွားမယ် အရောင်တွေ စွန်းထင်းရင် အရာရာ အကောင်းတိုင်း ကျန်ရစ်ဖို့ မလွယ်ကူပါဘူး။

နီးလာလိုက် ဝေးသွားလိုက် ချိန်ချိန်ဆဆသံယောဇဉ်ကို တုတ်ခိုင်လာဖို့ အားမထုတ်ကြပါဘဲ နှစ်ယောက်ကြားမှာ ပိုပြီး ဆွဲငင်လေလေပါပဲ။ ဒါဟာ ဖြူစင်မှုထဲက အချစ်သက်သေပါပဲ။ စိတ်ကူးထဲက ဘဝအိမ်ဟာ ပိုကျယ်ဝန်းကြတာချည်းပါ။ အကိုနဲ့ ကျ​နော်ဟာ ပိုပြီး နီးစပ်ခဲ့မယ်။ အိမ်ရာထူထောင်ခဲ့မယ်ဆိုရင် စာအုပ်အကြောင်း ဆွေးနွေးဖော် ဆွေးနွေးဖက် ဖြစ်ကြမယ်။ ခင်ဝမ်းသီချင်းတွေ ငြီးကြမယ်။ ဝင်းမင်းထွေးနဲ့ ဆူးမှာ ဘယ်သူက တေးရေး‌ပိုတော်လည်း

စာသားညက်လည်း ငြင်းခုန်ကြမယ်။ ငြင်းခုန်ကြတယ်သာ ပြောမယ်။ အကိုနဲ့ ကျ​နော့်ကြား အလျှော့အတင်း မှန်မှန်ပဲ ရှိခဲ့ကြတာပါ။ ငြင်းခုန်ရမယ့်အစား အယူဆမတူဘူးဘဲ ပြောကြပါတော့နဲ့ တယောက်ကို တယောက် နားလည်ပစ်လိုက်ကြတာချည်းပါ။ ရင်ခုန်သံ ဝုန်းဒိုင်းကြဲ အခြေအနေတွေ မဟုတ်ဘဲ ဖြည်းဖြည်းမှန်မှန် သံယောဇဉ်ကကြိုးဆိုပိုမှန်ပါလိမ့်မယ်။

အကို တယောသင်နေတယ်ဆိုတာရယ် ကောင်မလေး ထားလိုက်တယ်။ အကို့ထက် သုံးနှစ်ကြီးတယ်။ စာအုပ်ဆိုလို့ ဗလာစာအုပ်တောင် ကိုင်မကြည့်ချင်တဲ့ မိန်းမတယောက်လို့ သိရပြန်တယ်။ ဂီတအကြောင်း ဘာနားလည်မှတ်လို့စာစီစာကုံးကို သီချင်းလုပ်ဆိုနေတဲ့ အပေါစားဂီတတွေပဲ ခုန်မင်တယ်လို့ သိရတယ်။ ဘာလို့ ‌ဒါတွေ ကျ​နော့်ဆီ ဖွင့်ဟနေလဲ သိပါတယ်။ လူဆိုတာ ဖြေသာစရာ နားခိုရာမှာပဲ မျက်နှာအစစ်ကို ထုတ်ပြတတ်တာပဲ။ အကို့ကို ကျ​နော် နှစ်သက်မြတ်နိုးတာ သူ့အတ္တကို မလိမ်ညာတာပါပဲ။

ကျ​နော့်အတွက် အကိုဟာ ဘယ်ချိန်ပြေးဖွင့်ဖွင့်ပွင့်လာမယ့် တံခါးချပ်ဆိုတာ သိလေလေဖွင့်ဖို့ မကြိုးစားချင်လေလေပါပဲ။ အကို့နှလုံးသားရှေ့ ရပ်ရင်း အကို ကြီးပြင်းလာတာ ကြည့်ရင်း ကျ​နော့်ကို ကျ​နော် အနည်ထိုင်သွားချင်ပါတယ်။ အကိုနဲ့ ကျ​နော်ဟာ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတဲ့ ထုံးစံအတိုင်း အကို့ရှေ့မှာ မြည်တွန်တောက်တီးတတ်တဲ့ ငြီးငြူတတ်တဲ့ ဇနီးမယား တယောက်ထက် ငြိမ်းချမ်းရေး တေးဆိုရင်း ကဗျာတွေ ဖွဲ့ရေးသွားတဲ့ မိတ်ကောင်းဆွေကောင်း အမျိုးသမီးတယောက်အဖြစ် ရပ်တည်နေထိုင်သွားချင်ပါတယ်လို့ ဝန်ခံဖူးတယ်။ အကို့ကို မယုံကြည်နိုင်တဲ့ စကားလားလို့ ပြန်မေးဖူးရဲ့။ ကျ​နော့်ကို ကျ​နော် ယုံကြည်စိတ်ရှိသမျှ အကို့အပေါ်လည်း ထပ်တူပါပဲ။ အချစ်ကို လက်ထပ်ခြင်းနဲ့ သင်္ဂြိုလ်ပစ်တာ မလုပ်ချင်ဘူး။ ကျ​နော့်ဆန္ဒသက်သက်ရယ်ပါ။

အကို နားလည်တဲ့ မိန်းမတယောက်ဟာ သူ့နှလုံးသားနဲ့ သူ့ဆန္ဒကို အထပ်ထပ် မီးနဲ့ဆေးကြောရဲသူဆိုတာ သိခဲ့ပုံပါပဲ။

မကြာမကြာ တွေ့ဆုံကြဖို့ ချိန်းဆိုမယ်။ တွေ့ရင်ထွေရာလေးပါးပြော သူ့အခြေအနေ ကိုယ့်အခြေအနေ အကဲခတ် နေ့စဉ်ထမ်းပိုးထားတဲ့ တာဝန်တွေကို ခပ်ထေ့ထေ့ သရော်ပစ်ကြမယ်။ ဟာသတွေနဲ့ ရောထွေးပစ်လိုက်တော့လည်း ခေတ်စနစ်တွေထဲကနှလုံးသားအနာကို ပေါ့ပါးစေပြန်ကောလေ။ အကိုနဲ့ ကျ​နော်ဟာ ကိုယ့်ဘဝကိုတောင် အရန်ခုံကနေ ကြည့်မြင်ရင်း ဘဝနဲ့အတ္တကို ကောင်းကောင်း ထုပ်ပိုး စောင့်ထိန်းတတ်ခဲ့ပြီ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဆူးနတ်သန်’ ရေးဖွဲ့တဲ့ “အဆွေးဆုံး နှလုံးသားရဲ့တေးများ” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...