မေ – ၁၁ ၊၂၀၂၆
မြန်မာတစ်ဦးပိုင်ဆိုင်ပြီးတရားမဝင်တင်သွင်းထားတဲ့အီလက်ထရောနစ် ပစ္စည်းတွေအများအပြားသိုလှောင်ထားရာကုန်လှောင်ရုံတစ်ခုကို ဝန်ကြီး ချုပ်အနူတင်ချန်ဝီယာကူကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ကြောင်းထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာဖူးခက်ခရီးစဉ်ကနေမူလသတ်မှတ်ထားတာထက်အချိန်စောပြန်လာခဲ့ပြီးဘတ်သန်း ၅၀ ဖိုးလောက်တရားမဝင်မှောင်ခိုတင်သွင်းလာတဲ့ပစ္စည်းတွေသိုလှောင်ထားတဲ့အဆောက်အအုံကိုမေလ ၁၀ ရက်နေ့မှာသွားရောက်စစ်ဆေးခဲ့ကြောင်းသိရပါတယ်။
ဝန်ကြီးချုပ်ဟာများပြားလှတဲ့အီလက်ထရောနစ်ပစ္စည်းတွေ၊စက်ရုံနဲ့ ဟိုတယ်သုံးမီးစက်ကြီးတွေ၊အဲကွန်းတွေနဲ့ တခြားပစ္စည်းတွေကိုတွေ့မြင်ရချိန်မှာအတော်လေး စိတ်မချမ်းမသာနဲ့ တုန်လှုပ်သွားခဲ့တယ်လို့ ဝန်ကြီး ချုပ်ရုံး Facebook စာမျက်နှာမှာ ထုတ်ပြန်ထားခဲ့ပါတယ်။

Public Service Announcement
ရနောင်းပြည်နယ်ထဲကမူအန်းခရိုင်ထဲမှာတည်ရှိတဲ့တရားဝင်မှတ်ပုံတင်မထားတဲ့ကုန်လှောင်ရုံမှာအခွန်ရှောင်ပြီးတင်သွင်းလာတဲ့အီလက်ထရောနစ် ပစ္စည်း အများအပြားကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းအစိုးရကဒီရှာဖွေတွေ့ရှိမှုဟာနိုင်ငံအတွက်ကြုံတွေ့လာတဲ့ ခြိမ်း ခြောက်မှုပုံစံသစ်တစ်ခုလို့လည်း ဖော်ပြခဲ့ပါတယ်။
ကုန်လှောင်ရုံထဲမှာ သိုလှောင်ထားတဲ့ ပစ္စည်းတွေဟာ မြန်မာနိုင်ငံသား တစ်ဦး ပိုင်ဆိုင်တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
လောလောဆယ်မှာတော့ အဲဒီ ကုန်ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ တပ်ထိန်းရဲတွေက သိမ်းယူထားပြီး နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ လုပ် ဆောင်နေပါတယ်။
ရနောင်းအကောက်ခွန်အရာရှိတွေကအဲဒီလောက် များပြားတဲ့ ပစ္စည်းတွေကို တစ်ယောက်ယောက်က မှောင်ခို တင်သွင်းထားတာ ဖြစ်တဲ့အကြောင်း ပြောပြခဲ့တဲ့ အချိန်မှာ သူအတော်ကြီး တုန်လှုပ်သွားခဲ့မိတယ်လို့ အနူတင်က ဆိုပါတယ်။
ထိုင်းမှာရက်ပေါင်း ၃၀ လောက်ခဏတာထားရှိပြီးတခြားတစ်နိုင်ငံကို ရွှေ့ပြောင်းသယ်ယူမယ်လို့ကြေညာထားတဲ့ကုန်ပစ္စည်းတွေက တကယ် တမ်းထွက်ခွာမသွားဘဲအခုလိုကျန်နေခဲ့တာ ဖြစ်တယ်လို့လည်း အနူတင်က ပြောပါတယ်။
အာဏာပိုင်တွေဟာ အခု ကုန်ပစ္စည်းတွေအတွက် အခွန်ဆောင်ထားကြောင်း သက်ဆိုင်သူတွေက မှန်ကန်တဲ့ စာရွက်စာတမ်းတွေ တင်ပြလာမလား ဆိုတာကိုလည်း စောင့်ဆိုင်းနေဆဲလို့ ဆိုပါတယ်။ ထိုင်းဥပဒေတွေအရ ထိုင်းနိုင်ငံမှာ ခရီးတစ်ထောက်နားပြီး တခြားကို တင်ပို့ရမယ့် ကုန်စည်တွေကို ရက်ပေါင်း ၃၀ သာ ကန့်သတ် ခွင့်ပြုထားပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထားတာမျိုးတော့ မရှိသေးပါဘူး။ သိမ်းဆည်းရမိတဲ့ ကုန်စည်တွေထဲမှာ နေ့စဉ်သုံး အီလက်ထရောနစ် ပစ္စည်းတွေ၊ အဲကွန်း အလုံးရေ ၂,၀၀၀ ဝန်းကျင်၊ ရေပန့်တွေနဲ့ ပစ္စည်းမျိုးစုံ ပါဝင်တယ်လို့လည်း သိရပါတယ်။
အာဏာပိုင်တွေက ကုန်လှောင်ရုံကို စီးနင်းတဲ့အချိန်မှာ အမည်မသိ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့ပြီး အဲဒီနေရာကနေ ချက်ချင်းထွက်ခွာဖို့ သတိပေးတာကို ကြုံခဲ့ရကြောင်း အနူတင်က ပြောပါတယ်။
ဖုန်းခေါ်ဆိုသူကသူဟာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ ရင်းနှီးကြောင်း၊ ပြဿနာမတက်ချင်ရင် ကုန်လှောင်ရုံကနေ အမြန်ဆုံး ထွက်သွားကြဖို့လိုကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ဒီလို ခြိမ်းခြောက်မှုမျိုးကိုလက်မခံဘဲလုပ်သင့်တာကို တာဝန်ကျေအောင် လုပ်ဆောင်ခဲ့တဲ့ အမှုထမ်းကောင်းတွေအတွက် ဂုဏ်ယူသလို ကျေးဇူးလည်း တင်မိကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
https://www.facebook.com/reel/1857897551572550ကိုးကား – Bangkok Post ၊ ရုပ်သံ – FC Anutin/FB


















































