Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက ထွက်သွားတဲ့ ကားအစီးရေ ၄၀၀ပါ စစ်တပ်ယာဉ်တန်းထဲက ကားတချို့ ကသာမြို့တွင်း ဝင်ရောက်

အာဏာသိမ်းစစ်တပ်ရဲ့ Non-CDMဝန်ထမ်းတွေ လိုက်ပါလာတဲ့ စစ်ကားအစီး ၄၀၀ ကျော် ယာဉ်တန်းထဲက ကားတချို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ကသာမြို့ထဲကို ဝင်ရောက်လာတယ်လို့ ဒေသခံ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

(မန္တလေး-မတ္တရာလမ်းဘက်က စစ်တပ်ယာဉ်တန်းပုံ။ ဓာတ်ပုံ - CJ)

မေ-၁၁၊ ၂၀၂၆။ ရှိန်း/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ Non-CDMဝန်ထမ်းတွေ လိုက်ပါလာတဲ့ စစ်ကားအစီး ၄၀၀ ကျော် ယာဉ်တန်းထဲက ကားတချို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ကသာမြို့ထဲကို ဝင်ရောက်လာတယ်လို့ ဒေသခံ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

မေလ ၉ရက်က မန္တလေးမြို့ကနေ စစ်တပ်ရဲ့ Non-CDM ဝန်ထမ်းတွေ အပါအဝင် စစ်သား၊ လက်နက်ခဲယမ်းပါကားတွေဟာ ပြည်သူပိုင်ကားတွေကိုပါ ချောဆွဲပြီး စစ်ကားအစီးရေ ၄၀၀ကျော်ပါတဲ့ စစ်တပ်ယာဉ်တန်းနဲ့ မန္တလေး-မတ္တရာ-သပိတ်ကျင်းလမ်းအတိုင်း ထွက်ခွာခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် မနေ့က အဲဒီယာဉ်တန်း ထီးချိုင့်မြို့ကို ရောက်လာပြီး ဒီနေ့ အဲဒီအထဲက ကားတချို့ ကသာမြို့ကို ဆက်ထွက်ခဲ့တာလို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သေချာတယ်။ အကုန်တော့မဟုက်သေးဘူး။ တချို့တဝက် ကသာမြို့ထဲရောက်လာတယ်။ ဒီနေ့ နေ့လယ်ခင်း ခန့်မှန်း၂နာ ရီလောက်ကဖြစ်မယ်”လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီစစ်ကားယာဉ်တန်းဟာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး ကျေးရွာကိုလည်း စစ်အင်အား ၁၀၀ ခန့်ချသွားတယ်လို့ သိရပါတယ်။

စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့တဲ့ ထီးချိုင့်၊ ကသာ၊ အင်းတော်မြို့တို့ကို အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်ဖို့ ကြိုးစားနေပြီး ဒီယာဉ်တန်းမှာလည်း ဘဏ်၊ စစ်တပ်အစိုးရအဖွဲ့ရုံးဝန်ထမ်းတွေနဲ့ ပညာရေး ဝန်ထမ်းတွေပါတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။