Connect with us

Hi, what are you looking for?

သတင်း

ထိုင်းလူငယ်ကို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်အတွက် ဆယ်ကျော်သက် မြန်မာတွေကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးထား

ထိုင်းလူငယ် တစ်ဦးကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ မြန်မာ ဆယ်ကျော်သက် လူငယ်တစ်စုကို ထိုင်းရဲတွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

ထိုင်းလူငယ် တစ်ဦးကို အုပ်စုဖွဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ မြန်မာ ဆယ်ကျော်သက် လူငယ်တစ်စုကို ထိုင်းရဲတွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့တုန်းက ချွန်ဘူရီ ပြည်နယ်ထဲက ဘန်လာမန်မှာ လမ်းပေါ် ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး တိုက်ခိုက်ခံခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။ အဲဒီ လူငယ်နဲ့ မိသားစုဝင် တစ်ဦးက မြန်မာတွေလို့ ယူဆရသူ ၁၀ ဦးလောက်က လူငယ်ကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာလို့ လူမှုကွန်ရက် မီဒီယာ Facebookပေါ် တင်ခဲ့တဲ့နောက် အဲဒီကိစ္စက လူပြောများလာခဲ့ပါတယ်။

လူငယ်ဟာ တုတ်တွေနဲ့ ရိုက်နှက်တာ ခံခဲ့ရပြီး မော်တော်ဆိုင်ကယ်လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း၊ သူ့ရဲ့ ဖိနပ်တွေလည်း လုယက်ခြင်း ခံခဲ့ရကြောင်း၊ တိုက်ခိုက်ခဲ့သူတွေက အဲဒီလူငယ်ကို တံတွေးနဲ့လည်း ထွေးသွားခဲ့ကြောင်း Facebook ပို့စ်မှာ ရေးသားထားခဲ့ပါတယ်။

နောက်တော့ ဘမ်လာမန် ရဲစခန်းက အရာရှိတွေနဲ့ ထိုင်းကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကျူးလွန်သူတွေကို မေလ ၁၈ ရက် ညနေပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဖမ်းခံရတဲ့ လူငယ်တွေက အဲဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တာကို ဝန်ခံခဲ့ပေမယ့် တစ်ဦးကတော့ ပြဿနာရဲ့ အစဟာ ထိုင်းလူငယ်ဖက်ကလို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။ အဲဒီလူငယ်ရဲ့ အဖွဲ့က သူ့ကို သေနတ်လို့ ယူဆရတဲ့ အရာတစ်ခုနဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့သလို သူ့ရဲ့ converse ဖိနပ်တွေကို လုယက်သွားခဲ့ကြောင်း မြန်မာ ဆယ်ကျော်သက်က ပြောပါတယ်။ နောက်တော့ သူ့သူငယ်ချင်းတွေ ရောက်လာချိန်မှာ အဲဒီ လုယက်သွားသူတွေကို လိုက်ရှာရင်း ထိုင်းလူငယ်နဲ့ တွေ့ပြီး ရန်ပွဲ ဖြစ်ခဲ့တာလို့ သူက ထွက်ဆိုပါတယ်။

စွပ်စွဲခံရတဲ့ မြန်မာလူငယ်တွေက အစောပိုင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် စိစစ်ပေးဖို့လည်း ရဲတွေကို တောင်းဆိုထားပါတယ်။

ရဲတွေကတော့ လောလောဆယ်မှာ နှစ်ဖက်စလုံးက ပြောဆိုတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး အထောက်အထားတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ပြီးတော့ အားလုံးက အသက်မပြည့်တဲ့ ဆယ်ကျော်သက်တွေ ဖြစ်နေတာကြောင့် သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး ဂရုတစိုက် ကိုင်တွယ်နေတယ်လို့လည်း ရဲတွေက ပြောကြားထားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

Facebook