Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင် နဂါးမောက်ဘုရားရှိ ဆင် ၅ကောင်ကို ပဲခူးရိုးမထဲ ယာယီပြန်လွှတ်

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

(ပဲခူးရိုးမထဲ ပြန်လွှတ်လိုက်တဲ့ ဆင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Zin Moe)

မေ-၂၁၊ ၂၀၂၆။ မိထက်/People’s Spring

မော်လမြိုင်မြို့ နဂါးမောက်ဘုရားမှာ သာသနာပြုဆင်ဆိုတဲ့ခေါင်းစဉ်နဲ့ ထားရှိတဲ့ ဆင် ၅ကောင်ကို သဘာဝအတိုင်း ကျက်စားနိုင်ဖို့အတွက် ပဲခူးရိုးမထဲကို ပြန်လွှတ်လိုက်ပါတယ်။

အဲ့ဒီဆင် ၅ကောင်ဟာ အရင်က သစ်ဆွဲဆင်တွေဖြစ်ပြီး နဂါးမောက်ဘုရားမှာ သာသနာပြုဆင်အဖြစ် ထိန်းသိမ်းထားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သာသနာအလုပ်အကျွေးပြု ဆင်ဆိုပြီး အလှူခံတာ။ အလှူခံငွေလည်း တော်တော်ရတယ်”လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆင်တွေကို အမှီပြုပြီး ရရှိတဲ့ အလှူငွေဟာ နှစ်စဉ် သိန်းရာချီတယ်လို့ နဂါးမောက်ဘုရားဂေါပကအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်ပေါ်ရေးသားထားပါတယ်။ အဲဒီငွေတွေကို ဆင်တွေရဲ့ကောင်းမှုအဖြစ် နဂါးမောက်ဘုရားကို ပြန်လှူတယ်လို့ သိရပါတယ်။

ဆင် ၅ကောင်စလုံးကို မေလ ၂၀ရက်မှာ ပဲခူးရိုးမအတွင်း ပြန်လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ အပြီးလွှတ်တာမဟုတ်ပါဘူး။ မိုးရာသီမှာ သဘာဝအတိုင်းကျက်စားနိုင်ဖို့အတွက် လွှတ်ပေးတာဖြစ်ပြီး မိုးကုန်ရင် ပြန်ဖမ်းမှာလို့ သိရပါတယ်။

မလွှတ်ခင်မှာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး တောဆင်ရိုင်းအန္တရာယ်ကနေ ကင်းအောင် ဆင်ဦးစီး အစောင့်အရှောက်တွေနဲ့အတူ ပဲခူးရိုးမကြိုးဝိုင်းအတွင်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်တာလို့ နဂါးမောက်ဘုရားဂေါပကအဖွဲ့နဲ့နီးစပ်သူတစ်ဦးက လူမှုကွန်ရက်ပေါ်ရေးသားထားပါတယ်။

တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေကတော့ ဆင်တွေကို သာသနာပြုဆင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိန်းသိမ်းထားတာကို ကန့်ကွက်ကြပါတယ်။ သက်တမ်းတစ်ခုလုံးသဘာဝအတိုင်းကျက်စားနိုင်အောင်‌ ဆောင်ရွက်သင့်တယ်လို့ ‌မှတ်ချက်ပြုကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက်ဟာ ဆင်တွေကို အသုံးချပြီး သူတို့ကိုယ်သူတို့ ဘုန်းကံကြီးသူအဖြစ် ပုံဖော်လေ့ရှိသလို သံဃာတော်အချို့ကလည်း ဆင်တွေကို အသုံးချပြီး အလှူငွေလက်ခံလေ့ရှိကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ အင်းတော်ကွင်းလမ်းတနေရာမှာ ကုန်တင်ကားကြီးတွေ ဗွက်ထဲနစ်နေခဲ့တယ်။ ကွင်းလမ်းဆိုတာက မန္တလေး-မြစ်ကြီးနားလမ်းက ပိတ်ထားတဲ့အတွက် ကွင်းပြီးသွားရတဲ့လမ်းကို ဆိုလိုတာပါ။ စစ်တပ်ပိတ်တာရော၊ တိုက်ပွဲတွေကြောင့် ပိတ်တာရောပေါ့။