Connect with us

Hi, what are you looking for?

သတင်း

မြိုင်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး အထိနာ

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မေ -၂၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(မေလ ၂၆ ရက်)က လင်းကတောစခန်းအခြေပြုပြီး အနီးနားကကျေးရွာတွေ လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့က လင်းကတော စခန်းကနေ အနောက်ဘက် ပေါင်းတည်ရွာဘက် ထွက်လာတာ။ပကဖ နဲ့ လည်း ထိတွေ့ဖြစ်သေးတယ်။တခြား အင်အားစုတွေနဲ့ရော ဖြစ်ကြတယ်။ပြန် ဝင်အလာ လင်းကတော လမ်းဆုံးမှာလည်း မိုင်းခွဲတိုက်လိုက်တာ”လို့ မြိုင်ပကဖ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်တပ်စစ်ကြောင်းက ထိခိုက်သေဆုံးသူ ၁၅ ဦးရှိနိုင်တယ်လို့ မြိုင်ပကဖ က ခန့်မှန်းပါတယ်။

ဒါ့အပြင် လက်ရှိစစ်ရေးအရ ဒေသတွင်းနဲ့ ထိစပ်မြို့နယ်‌တွေအတွင်းမှာ စစ်ရေး ပြင်းထန်လာနိုင်လို့ ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မေလ ၂၅ရက်ကလည်း မြိုင်မြို့ရဲ့အရှေ့ မြောက်ဘက်မှာရှိတဲ့ စစ်တပ်အခြေစိုက်ထားတဲ့လင်းကတော ရွာကထွက်လာတဲ့ စစ်ကြောင်းမိုင်းထိပြီး သေဆုံးထိခိုက်သူ ၄ဦး ရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောထားပါတယ်။

မေလ ၂၄ ရက်ကစပြီး လင်းကတောရွာအခြေစိုက် စစ်တပ်က မြိုင်မြို့မြောက်ဘက်ခြမ်းက ကျေးရွာတွေကို ၀င်ရောက် မီးရှို့ခဲ့တာလို့ အသိပေးပါတယ်။

“လင်းကတောမှာက ပုံမှန် စစ်တပ်အင်အား ၅၀ ၀န်းကျင်ရှိတယ်။အခု စစ်ကြောင်းထိုးလာတာက အင်အား ၂၀၀ လောက်ပါတယ်။ရေစကြိုဘက်က တပ်တွေ “လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်‌က ပြောပါတယ်။

လင်းကတောစခန်းကို တော်လှန်ရေးတပ်တွေက ၂၀၂၂ နဲ့ ၂၀၂၃ မှာ သိမ်းပိုက်ခဲ့ဖူးပေမယ့် လေကြောင်းကနေ ဗုံးကြဲမှုတွေ ကြောင့် ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။

အခု မေလ ၂၃ ရက်မှာ မြိုင်မြို့နဲ့ ၁၃ မိုင်အကွာက စစ်တပ်တပ်စွဲထားတဲ့ သရက်ကန်ပျူစောထီးရွာကို ဒေသခံ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စစ်တပ်က မြိုင်မြို့ပေါ်မှာ စုရုံးတပ်တည်ထားပြီး မြို့တွင်း စီးပွားရေးဘဏ်၊ ရဲစခန်းနဲ့ စျေးတွေမှာ တပ်စွဲထားတာရှိတယ်လို့ ဒေသတွင်းသတရင်းမြစ်က ဆိုပါတယ်။မြိုင်မြို့နယ်ရဲ့စစ်ရေးအခြေအနေတွေအရ မြို့နဲ့ (၁)မိုင်ခွဲအကွာဝန်းကျင်အထိ တော်လှန်ရေးအင်အားစုတွေက စစ်ရေးအရ ဖြန့်ကျက်မှုတွေရှိတယ်လို့ သိရပါတယ်။

သရက်ကန်ရွာသိမ်းခံရပြီးနောက် မြိုင်မြို့အနောက်တောင်ဘက်က တပ်မတော်အကြီးစားစက်ရုံ (တစက ၃) ဒေသအခေါ် စက်မှု (၂)ကို ပခုက္ကူ တပ်မ( ၁၀၁)က ရဟက်ယာဉ်နှစ်စီးနဲ့ လက်နက်ခဲယမ်း နဲ့ အင်အားတွေ ဖြည့်ထားပါတယ်။

https://www.facebook.com/reel/1483906260182196

ရုပ်သံ – Na Gwin

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။