Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိရောက်လာ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ် အဓမ္မခေါ်ဆောင်ထားတဲ့ စစ်မှုထမ်းသင်တန်း တပ်သားသစ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- စစ်ကောင်စီ)

မေ -၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်း ရခိုင်ရိုးမတောင်ခြေအထိ ရောက်လာတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခု မေလ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦးစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့ လက်ရှိအချိန်ထိ အဲဒီစစ်ကြောင်းက ရခိုင်ရိုးခြေဖြစ်တဲ့ ရင်းဂေါက်ကျေးရွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်”လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်အား ၁၀၀၀ ၀န်းကျင်ပါတဲ့ မင်းတုန်းမြို့နယ်က စစ်တပ်စစ်ကြောင်းကနေ ထွက်ပြေးသူအချို့ရှိတယ်လို့လည်း စုံစမ်းသိရပါတယ်။

သရက်မြို့နယ် အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေနဲ့ ရခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူက အသိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်က ရခိုင်ရိုးမအနီး မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

“မင်းတုန်းမြို့နယ်ထဲက မထိန်းချုပ်မစိုးမိုးနိုင်သေးတဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ နောက် မင်းတုန်းမြို့နယ်က ရခိုင်ရိုးနဲ့ ဆက်နေတဲ့အတွက် ရခိုင်ဘက်ကို ၀င်တဲ့လမ်းတွေကို ပိတ်ဆို့ချင်တာမျိုး”လို့ စစ်တပ်စစ်ကြောင်းနဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။