Connect with us

Hi, what are you looking for?

သတင်း

အထည်ချုပ်လုပ်ငန်း ကုန်ကြမ်းတင်သွင်းမှု စစ်ကောင်စီ ကန့်သတ်

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဇွန် -၂ ၊၂၀၂၆။မိုမို/People’s Spring

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနရဲ့သွင်းကုန်လိုင်စင်အပြင် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီ(FESC )ရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်လာတယ်လို့ အထည်ချုပ်လုပ်ငန်းနဲ့ ဆက်စပ်သူအချို့က ဆိုပါတယ်။

“CMP (ညှပ်-ချုပ်-ထုပ်) လုပ်ငန်းတွေ ကုန်ကြမ်းတင်သွင်းဖို့ လိုင်စင်ကို FESC Approval ခွင့်ပြုချက်ရယူဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ အပတ်က သတင်းတွေ ထွက်လာပါတယ်။ စာနဲ့ ထွက်တာမဟုတ်ပေမယ့် သတင်းကတော့ မှန်တယ်လို့သိရပါတယ်။လိုင်စင်ကျဖို့ ကြာမြင့်ချိန်ဟာ အရင်ကထက် အချိန်တွေပိုကြာသွားတော့မှာ ဖြစ်ပါတယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှု မရှိစေဖို့အတွက် အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်ရမယ့် နောက်ထပ်စိန်ခေါ်မှု လို့ သူက ဆိုပါတယ်။

FESC က ခွင့်ပြုပေးရမယ့် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ တရား၀င်အကြောင်းကြားစာ မရောက်သေးဘူးလို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဘက်က လူထုနွေဦးကို ပြောပါတယ်။

“လုပ်ငန်းစဉ်က စနေပြီး ။စက်ပစ္စည်း အပိုမှာရင်အော်ဒါအသစ် ရှိကြောင်းပြရမယ်။ ပို့ကုန်ဒေါ်လာအားလုံး နိုင်ငံခြား‌ ငွေရင်းနှီးမြုပ်နှံမှုထံက‌ နေတဆင့်ငွေအားလုံးကိုဗဟိုဘဏ်ထံစာရင်းသွင်းပေးရတယ်။ လိုအပ်တဲ့ကစ္စည်းဒေါ်လာနဲ့ ၀ယ်ဖို့ဆိုရင် ကုန်သယ်ကြီးများအသင်းထံတင်ပြခွင့်ပြုချက်ရယူဖို့ ဒေါ်လာငွေပြရမယ်။အပ်ချုပ်စက်လို ပစ္စည်းတွေက ပြည် တွင်းမှာမရှိတဲ့ဟာလေ။CMP တွေရဲ့ဒုက္ခ မသေးတော့ဘူး”လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ ၃ ဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။

“ကန့်သတ်ချက်က ကုန်သွယ်မှုလိုငွေ ပြတာကြောင့်လဲပါကောင်းပါနိုင်ပေမယ့် ဒီပုံစံအတိုင်းဆို အထည် ချုပ်လုပ်ငန်းတွေ အသက်ရှုကြပ်ကြတော့မယ်။တဆက်တည်းမှာပဲ လုပ်ငန်းခွင်က အလုပ်သမားထုပါ အနည်းနဲ့အများသက်ရောက်လိမ့်မယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၈ ခုရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံ ၃၆၇ ခုရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အခုနှစ် ဧပြီက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅ သန်းကို ကျပ် လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေ ရဲ့ တစ်ဝက် နဲ့ ၂၀၂၅ မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။

ကျန်ရှိတဲ့ နိုင်ငံခြားငွေကိုလည်း လက်ရှိဗဟိုဘဏ် ထိန်းချုပ်ထားတဲ့ အွန်လိုင်းစျေးကွက်ကနေပဲ တစ်ဒေါ် လာ ကျပ် ၃,၅၀၀ ဝန်းကျင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက လဲလှယ်ရပါတယ်။

ဒီကနေ့ နိုင်ငံခြားငွေ ပြင်ပစျေးကွက်မှာ တစ်ဒေါ်လာ ဝယ်စျေး ၄,၂၀၀ ကျပ် နဲ့ ရောင်းစျေး ၄,၃၀၀ ဝန်းကျင် ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။