Connect with us

Hi, what are you looking for?

သတင်း

Global Proof Of Life Challenge မှာပါဝင်တဲ့အနေနဲ့ ၈၁ ကီလိုမီတာပြေးမယ့် ဒေါက်တာမြင့်မိုရ်ဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ Global Proof Of Life Challenge အနေနဲ့ ၁ရက်အတွင်းမှာ ၈၁ ကီလိုမီတာ ပြေးမယ်လို့ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ ရုပ်ရှင်မင်းသား ကျော်သူရဲ့ သမီးဖြစ်သူ ဒေါက်တာ မြင့်မိုရ်ဦးက ပြောပါတယ်။

Screenshot

ဇွန်-၃၊၂၀၂၆။တေဇ/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရ Global Proof Of Life Challenge အနေနဲ့ ၁ရက်အတွင်းမှာ ၈၁ ကီလိုမီတာ ပြေးမယ်လို့ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ ရုပ်ရှင်မင်းသား ကျော်သူရဲ့ သမီးဖြစ်သူ ဒေါက်တာ မြင့်မိုရ်ဦးက ပြောပါတယ်။

“အခုလာမယ့် တနင်္ဂနွေ ၊ ဇွန် ၇ မှာ ၈၁ ကီလိုမီတာကို ၁ ရက်အတွင်းပြေးဖို့ မိမိကိုယ်ကိုယ်စိန်ခေါ်မှု လုပ်ထားပါတယ်” လို့ သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီနေ့(ဇွန်၃) တင်ထားတာပါ။

https://www.facebook.com/reel/1515727156607868

Public Service Announcement

Public Service Announcement

Rose Hill Regional Park မှာ မနက် ၈ နာရီလောက်ကတည်းက စပြေးမှာဖြစ်လို့ ပါဝင်ချင်သူတွေ လာရောက်ပူးပေါင်းနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်က ပါဝင်ခဲ့တဲ့မာရသွန်ပြိုင်ပွဲ ပြီးကတည်းက တာဝေး မပြေးဖြစ်ခဲ့တာကြောင့် ၈၁ ကီလိုမီတာကို ၁ရက်အတွင်းပြေးဖို့က သူမအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ ဒေါက်တာမြင့်မိုရ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ရှင်ကြောင်း သက်သေပြဖို့ ပြင်းပြတဲ့ ဆန္ဒနဲ့

ဒီစိန်ခေါ်မှုကို အောင်မြင်အောင်လုပ်မယ်လို့ ဆိုပါတယ်။

ဒေါက်တာမြင့်မိုရ်ဦးက ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ် ၃၀ရက်က ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာပြုလုပ်တဲ့ မာရသွန်ပွဲမှာ မြန်မာရင်ဖုံးနဲ့ ထမိန်ကိုဝတ်ဆင်ကာ ပြိုင်ပွဲဝင်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

အဲဒီ့ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တာက စစ်တပ်ရဲ့အပြစ်မဲ့ပြည်သူတွေအပေါ် မတရားကျူးလွန်‌နေတာတွေကို ကမ္ဘာကသိစေဖို့ ရည်ရွယ်တယ်လို့ သူမက ပြောခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်မှာကျရောက်မယ့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် သားဖြစ်သူ ကင်မ်အဲရစ်က ၈၁နဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

ကင်မ်ကိုယ်တိုင်လည်း ၈၁ ကီလိုမီတာကို ၁ရက်အတွင်း စကိတ်စီးမယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။