Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပတ်ကို ဦးတည်တဲ့စစ်ကြောင်းတွေကြောင့် အိန္ဒိယနယ်စပ်လမ်းကြောင်းပေါ်မှာ စစ်ရေးတင်း‌မာနေ

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေကဘက်ကနေတပြိုင်နက်စစ်ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

(၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ PDF နဲ့မဟာမိတ်​တပ်တွေကခမ်းပါတ်မြို့ကိုသိမ်းပိုက်ပြီးနောက်စစ်တပ်အလံဖြုတ်ပြီး PDF အလံ​တော်လွှင့်​ထူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-NUG)

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေကဘက်ကနေတပြိုင်နက်စစ်ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ကို ဦးတည်ပြီးစစ်ကြောင်းထိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

“နှစ်ဘက်ညှပ်ပြီးစစ်ကြောင်းဝင်လာတာ။ ပြည်သူတွေလုံခြုံရေးအတွက် ခဏဆုတ်ပေးထားတဲ့နေရာတချို့ရှိတယ်။အခုကတော့ လမ်းပိုင်းအသုံးပြုခွင့် ပိတ်ထားတယ်”လို့ တော်လှန်‌ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အာရှအဝေးပြေးလမ်းမကြီးမှာ တစ်စိပ်တစ်ပိုင်းပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ အာဏာသိမ်း​​ခေါင်း​ဆောင်က အိန္ဒိယခရီးစဥ်မှာအိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေပါ ဦးတည်လာတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ ကလေး -ခါမ်းပတ်-တမူး ကားလမ်းမ ဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊နန်ကတိတ်၊နန်မွန်းတားနဲ့ခွန်မွန်းနွမ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကကြရပါတယ်။နန်မွန်းတားရွာဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရွာဖြစ်ပြီး ဒေသခံတွေလုံခြုံရေးအတွက် ယာယီဆုတ်ခွာပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင်တမူးနဲ့ ခါမ်းပတ်မြို့ကြားက ရွာတချို့မှာ အခုအခါ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ကလေးနဲ့ တမူးမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေဖြစ်ပြီး စစ်တပ်ကမြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပါတယ်။PDF ​တွေနဲ့မဟာမိတ်​တွေက ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၇ ရက်မှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ဟာ တမူးခရိုင်ထဲမှာ တည်ရှိပါတယ်။အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်တယ်လို့​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။အိန္ဒိယအစိုးရကို တိုက်ခိုက်နေတယ်ဆိုတဲ့ ကသည်းလက်နက်ကိုင်တပ်

ဖွဲ့‌တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စတင်ပြီး တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွေမှာ စစစ်တပ်နဲ့ပူးပေါင်းပြီး ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက၂၀၂၅စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။