Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပတ်ကို ဦးတည်တဲ့စစ်ကြောင်းတွေကြောင့် အိန္ဒိယနယ်စပ်လမ်းကြောင်းပေါ်မှာ စစ်ရေးတင်း‌မာနေ

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေကဘက်ကနေတပြိုင်နက်စစ်ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

(၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ PDF နဲ့မဟာမိတ်​တပ်တွေကခမ်းပါတ်မြို့ကိုသိမ်းပိုက်ပြီးနောက်စစ်တပ်အလံဖြုတ်ပြီး PDF အလံ​တော်လွှင့်​ထူရန်ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-NUG)

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေကဘက်ကနေတပြိုင်နက်စစ်ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ကို ဦးတည်ပြီးစစ်ကြောင်းထိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

“နှစ်ဘက်ညှပ်ပြီးစစ်ကြောင်းဝင်လာတာ။ ပြည်သူတွေလုံခြုံရေးအတွက် ခဏဆုတ်ပေးထားတဲ့နေရာတချို့ရှိတယ်။အခုကတော့ လမ်းပိုင်းအသုံးပြုခွင့် ပိတ်ထားတယ်”လို့ တော်လှန်‌ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အာရှအဝေးပြေးလမ်းမကြီးမှာ တစ်စိပ်တစ်ပိုင်းပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ အာဏာသိမ်း​​ခေါင်း​ဆောင်က အိန္ဒိယခရီးစဥ်မှာအိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေပါ ဦးတည်လာတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ ကလေး -ခါမ်းပတ်-တမူး ကားလမ်းမ ဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊နန်ကတိတ်၊နန်မွန်းတားနဲ့ခွန်မွန်းနွမ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကကြရပါတယ်။နန်မွန်းတားရွာဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရွာဖြစ်ပြီး ဒေသခံတွေလုံခြုံရေးအတွက် ယာယီဆုတ်ခွာပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင်တမူးနဲ့ ခါမ်းပတ်မြို့ကြားက ရွာတချို့မှာ အခုအခါ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ကလေးနဲ့ တမူးမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေဖြစ်ပြီး စစ်တပ်ကမြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပါတယ်။PDF ​တွေနဲ့မဟာမိတ်​တွေက ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၇ ရက်မှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခါမ်းပတ်မြို့ဟာ တမူးခရိုင်ထဲမှာ တည်ရှိပါတယ်။အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါ။ လက်ရှိဒေသတွင်းစစ်ရေးအခြေအနေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်တယ်လို့​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ်။အိန္ဒိယအစိုးရကို တိုက်ခိုက်နေတယ်ဆိုတဲ့ ကသည်းလက်နက်ကိုင်တပ်

ဖွဲ့‌တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က စတင်ပြီး တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွေမှာ စစစ်တပ်နဲ့ပူးပေါင်းပြီး ကာကွယ်ရေးတပ်တွေကိုတိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက၂၀၂၅စက်တင်ဘာလထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က တိုက်လေယာဉ် မျိုးစုံသုံးပြီး တစ်နေကုန် ဗုံးကြဲ ပစ်ကူပေးတဲ့ကြားမှ တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုကြောင့် တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်း ပျက်

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။