Connect with us

Hi, what are you looking for?

သတင်း

တိုက်ခိုက်ခံရတဲ့ ရန်ကုန်-ပြည်လမ်းပိုင်းနေရာကို စစ်တပ်စစ်ကြောင်းထိုးလာ

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဥ်နဲ့ သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-Nay Pyi Taw PDF)

ဇွန်-၁၇၊၂၀၂၆။မိုမို/People’s Spring

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက ရန်ကုန်-ပြည်လမ်းပိုင်းပေါ်က ပရပ်ကြယ်ရွာရဲစခန်းအနီး ရောက်နေတယ်လို့ ဆိုပါတယ်။

“အင်အား ၇၀ ကျော်ပါတယ်လို့ ကနဦး သိရတယ်။လက်ရှိ ရွာတွေက ဘုန်ကြီးကျောင်းတွေမှာ တပ်ဖြန့်ထားတယ်”လို့ ပုဏ္ဏ၀တီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာ၀န်ရှိသူ ကိုဗေဒါက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းမှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၈ )နဲ့ အမှတ်(၇၀စစ်အခြေခံလေ့ကျင်ရေးတပ်က စစ်သားတွေပါဝင်တယ်လို့ အသိပေးပါတယ်။

“တိုက်ပွဲဖြစ်တဲ့ ရွာနီးစပ်ချုပ်ကို စစ်ကြောင်းပတ်ထိုးနေတာ။ပတ်မွှေနေတယ်။အရပ်သားတွေ ဖမ်းဆီးခံရတယ်လို့တော့ မကြားရသေးဘူး”လို့ တောင်တွင်းကြီးမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်က ရန်ကုန်-ပြည်လမ်းမကြီးပေါ် ကိုးပင်-ဆတ်သွား လမ်းပိုင်းတနေရာမှာ စစ်တပ်အရာရှိတွေပါတဲ့ ကား ၂စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗိုလ်ကြီးအပါအ၀င် ၄ဦး သေပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့စုပေါင်း စစ်ဆင်ရေးမှာ စစ်တပ်က သေဆုံးခဲ့သူတွေထဲက ဗိုလ်ကြီးစောသန်းထွန်းဟာ တောင်တွင်းကြီးမြို့နယ်ထွေအုပ်ရုံးမှာ တာ၀န်ကျသူဖြစ်ပြီး တပ်မ(၈၈) လက်အောက်ခံတပ်ရင်းက ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း တောင်တွင်းကြီးမြို့နယ်က ကပစ-၁၈ရဲ့ ဗိုလ်ကြီးနဲ့ စစ်သားတွေလိုက်ပါတဲ့ယာဉ်တန်းတွေ ကြားဖြတ်တိိုက်ခိုက်ခံရဖူးပါတယ်။

အဲဒါအပြင် ၂၀၂၆ ဇန်နဝါရီကလည်း နေပြည်တော် -တောင်တွင်းကြီးရထားလမ်းပိုင်းအနီးမှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာ လေးဦးသေပြီး လက်နက်တွေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook