Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်းတိုက်ပွဲ စစ်တပ်ဖွဲ့စည်းပုံပျက်တဲ့အထိ လန်ကျပြီး ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းရဟု ချင်းတပ်ဖွဲ့ CPU ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင်ဒေသတွင်းကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ် အင်အား ရာချီထိခိုက်ကာ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

(ချင်းတောင်ပိုင်းတိုက်ပွဲတွေအတွင်း စစ်တပ်ထ့က သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်)

ဇူလိုင် ၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင်ဒေသတွင်းကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ် အင်အား ရာချီထိခိုက်ကာ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်လှန်ကျသွားအောင် ဘယ်လို တိုက်ခိုက်ပြီးမှ နယ်မြေတွေ ပြန်သိမ်းယူနိုင်တယ်ဆိုတာမျိုး အသိပေးမယ်လို့ ချင်းပြည်သူ့အစည်းအရုံး ဆလိုင်းယောမာန်က ဇူလိုင် ၁ရက်ညပိုင်းမှာ ပြောကြားပြီး မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အခုလို ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

“အကုန်လုံးစုစုစည်းစည်းညီညီညွတ်ညွတ် ၀ိုင်းဝန်းတွန်းလှန်တိုက်ခိုက်ကြတာမှာ ကျနော်တို ထိုးစစ်ကို အောင်မြင်စွာ ဟန့်တားနိုင်ပါတယ်။ သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဒီတရက်နှစ်ရက်အတွင်းမှာပဲ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ဖို ရှိပါတယ်။ ကျနော်တို ဘယ်လိုမျိုးအောင်မြင်မှုတွေရနေတယ် ဘယ်လိုမျိုး ခုခံထားနိုင်တယ် မြေပြင်က ရဲဘော်တွေ ဘယ်လောက် ရဲဝံ့သတ္တိပြောင်မြောက်စွာ ကာကွယ်နေတယ်ဆိုတာပေါ့နော်။” လို ဆလိုင်းယောမာန်က ပြောပြထားတာပါ။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်များအတွင်း ယောဒေသ၊ ဆောနယ်ကိုဖြတ်လျက် အင်အားထောင်ချီဖြင့် ကျူးကျော်ဝင်ရောက်လာသော အာဏာသိမ်း စစ်တပ်ကို ချင်းပြည်သူ့တပ်မတော်(CPA)၊ မဟာမိတ် ပူးပေါင်းတပ်များက ဟန်ချက်ညီညီ၊ စည်းစည်းလုံးလုံးဖြင့် ခုခံတွန်းလှန်စစ် ဆင်နွှဲခဲ့ရာ တလကျော်ကြာတဲ့အထိ စစ်ရေးအသာစီးနဲ့ တိုက်ပွဲဆင်နွှဲနေကြောင်း အသိပေးလာတာဖြစ်ပါတယ်။

မေလ ၁၆ရက်က စတင်ပြီး ပြည်သူ့စစ် အများအပြားပါဝင်တဲ့ စစ်တပ်ကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသမှ တော်လှန်ရေးတပ်များဖြစ်သော (YDF)၊ (YA) အပါအဝင် မဟာမိတ်တပ်များ အတူတကွ လက်တွဲကာ ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။ ထုတ်ပြန်ချက်မှာ တရားဝင်ဖော်ပြမထားပေမဲ့ CPU/CPAနဲ့အတူ အာရက္ခတပ်တော်(AA)လည်း ချင်းတောင်ပိုင်းတိုက်ပွဲမှာ ပါဝင်လျက်ရှိပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ရဲ့ တိုက်ချိုက်ချေမှုန်းမှုတွေကြောင့် ရန်သူ့စစ်ကြောင်းမှာ ရာချီကျဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ဟု ထုတ်ပြန်ပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေသော အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ်ဖက်ပစ်မှတ် မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများနဲ့ ရမ်းသန်းပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် ကျူးလွန်နေလို့ အများပြည်သူတို့ရဲ့ အသက်၊ အိုးအိမ်စည်းစိမ်များ နေ့စဉ်ထိခိုက်လျက်ရှိနေတယ်လို့ ဖော်ပြပါတယ်။

ဒ့ါအပြင် ဘာသာရေးအဆောက်ဦးများ၊ ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးနေရတာ၊ အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရတာသေဆုံးတာတွေရှိနေကြောင်း အသိပေးထားပြီး အရေအတွက် အသေးစိတ် ထုတ်ပြန်အသိပေးတာ မရှိပါဘူး

အာဏာသိမ်းစစ်တပ်ကို အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် အဆုံးထိ ခုခံတွန်းလှန်သွားဖို့ သန္နိဋ္ဌာန်ချ တော်လှန်လျက်ရှိကြောင်း ဖော်ပြပြီး ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသော ပြည်သူတွေနဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း CPU/CPAက ထုတ်ပြန်ပါတယ်။

ချင်းတောင်ပိုင်း တိုက်ပွဲဟာ ရှေရှည်မယ့်သဘောဖြစ်လို ရှေ့တန်းသာမက နောက်တန်းမှာပါ ၀ိုင်းဝန်းကူညီဖို အားစိုက်ထုတ်ဖို လိုအပ်ကြောင်း ဆလိုင်းယောမာန်ကအသိပေးပြီး စစ်ရှောင်တွေကို ကူညီဖို တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook